အပိုင်း (၈)

7.4K 76 0
                                    

ကိုကြီးမြတ်သာလို့အော်ခေါ်ပြီးလာနေတဲ့ကောင်လေးက အသက်၁၉ဝန်းကျင် ၂၀လောက်ရှိပြီဖြစ်တဲ့ငွေနှင်းမောင်လေး ကံပေါ်။ 'ဟေး..ကံပေါ်...ဒီဘက်လာခဲ့ကွာ' ကိုမြတ်သာလှမ်းခေါ်တဲ့ဘက်ကို ကံပေါ်ကလျှောက်လာတော့ 'ထွန်းညို..မင်းကံပေါ်နဲ့မဆုံဖူးသေးဘူးမလား..မင်္ဂလာဆောင်ကိုလည်းမရောက်လာခဲ့ဘူးလေ.' 'ဟုတ်တယ်..ကိုမြတ်သာ..ပထမဆုံးမြင်ဖူးတာပဲ'။ 'အိမ်ကိုရောက်တာနဲ့ကိုကြီးမြတ်သာတို့ဆီပထမဆုံးလာခဲ့တာဗျာ...အိမ်မှာတောင်မနားခဲ့ဘူး' 'အဟားး...ဟားးး..မင်းကတော့လုပ်ပြီကွာ..မင်းအမရွှေနှင်းကတော့ငါ့ကိုပြောနေဦးမှာပဲ' 'ဟဲ..ဟဲ...ဒါနဲ့ဒီအကိုက ကိုထွန်းညိုမလား' 'ဟုတ်တယ်လေ..မင်းယောက်ဖလေးပေါ့' 'အေးဗျာ..အစ်မနှစ်ယောက်ရှိတော့ယောက်ဖနှစ်ယောက်ရတာပေါ့' 'မင်းကျောင်းပိတ်လာပြီလား' 'ဟုတ်တယ်...ကိုကြီးမြတ်သာ..နိုင်ငံရေးအခြေအနေတွေမကောင်းတော့စာမေးပွဲစောစောဖြေပြီးပိတ်ပေးလိုက်တာပဲ'။ ထွန်းညိုကတော့ဝင်မပြောဘဲနားပဲထောင်နေလိုက်တယ်။ 'အိမ်ပြန်ရအောင်အကိုတို့...ထမင်းစားဖို့ခေါ်ခိုင်းလိုက်တာလေ' 'အေး..ပြန်ရအောင်..ငါတို့လည်းညောင်းလို့ခဏနားနေတာ'။ မြတ်သာကထွန်းညိုကိုတချက်ကြည့်ပြီးရယ်ကျဲကျဲနဲ့ပြောလိုက်တယ်။ ထိုနေ့ကတော့မိသားစုစုံစုံလင်လင်ရှိတာကြောင့် အမေကျော့ရီကဝမ်းသာမဆုံးပေ။ ညနေစောင်းတော့ဖိုးခွါးပါပြန်ရောက်လာတယ်။ ညရောက်တော့အကုန်အိမ်ရှေ့မှာထိုင်ကာထွေရာလေးပြောပြီးမှကိုယ့်အခန်းကိုယ်ဝင်ကာအိပ်ရာဝင်ခဲ့ကြတော့တယ်။

'အကိုလေး...ပေး.ငါလုပ်မယ်' 'ရပါတယ်ကွာ..မင်းကလည်း.ငါနေပြန်ကောင်းသွားပါပြီဟ' 'ဒါပေမယ့်လည်းအသာနေစမ်းပါဗျာ' ထွန်းညိုလက်ထဲကပေါက်တူးကိုယူပြီးဖိုခွါးကမြေဆွနေလိုက်တယ်။ ထွန်းညိုလည်းအပင်ရိပ်မှာထိုင်နေတဲ့ကံပေါ်ဆီလျှောက်လာပြီး 'ပျင်းနေပြီလားညီလေး' 'မပျင်းပါဘူးဗျာ...ရွာကိုရောက်တုန်းလေးအေးဆေးနေရတာ...ဟိုတွေးဒီတွေးနဲ့ငြိမ်နေတာ' 'အော်.ဘာတွေတွေးနေတာတုန်း...မြို့ပေါ်ကျန်ခဲ့တဲ့ကောင်မလေးအကြောင်းလား' 'ဟာ..အက်ိုကလဲ..မဟုတ်ပါဘူး...ကောင်မလေးကမရှိသေးဘူး...ကျတော်ကတဖက်သတ်ပဲကြိုက်နေရတာ...' 'အော်...' ထွန်းညိုလည်းသူငေးရာဆီလိုက်ငေးလိုက်တယ်။ ရာသီကဆောင်းအကုန်နွေအကူးမို့အရွက်တွေကဝါကြင်ကြင်နဲ့မြေပေါ်ခဖို့အသင့်ဖြစ်နေပြီ။ သူ့အစောကြွေခဲ့တဲ့တချို့ရွက်တွေကတော့မြေကြီးပေါ်မှာလေယူရာအလိုက်လွှင့်နေတယ်။ နွေသရုပ်ကိုပြည့်ပြည့်ဝဝမဖော်ပြနိုင်သေးပေမယ့်နွေဓါတ်လေးကတော့သင်းနေပြီ။ ဘာပဲဖြစ်ဖြစ်အလွမ်းဓါတ်ခံမရှိတဲ့သူတောင်စိတ်တွေညှိုးငယ်ရတော့ အလွမ်းခံနေတဲ့သူအတွက်ဆိုပိုကြေကွဲစရာဖြစ်နေမှာပဲလေ။ တခါတရံတွန်ကြူးလိုက်တဲ့ငှက်တွေကရော...အလွမ်းတွေကိုပျက်ရယ်ပြုနေသလားလို့ထင်ရတယ်။

သူကြီးသမက် ထွန်းညိုWhere stories live. Discover now