အပိုင်း (၄)

12K 106 0
                                    

'ငွေနှင်းရေ...ငွေနှင်း...ရွှေနှင်းရေ..ဟော.တျောက်မှမရှိကြဘူးလားဟဲ့' တစာစာအော်ရင်း သာထန်ကအိမ်အောက်ဝင်ကာ ခုံတန်းပေါ်ထိုင်ချလိုက်တယ်။ သောက်လက်စရေနွေးကြမ်းကအေးစက်စက်။ ခွက်ထဲကရေနွေးကြမ်းကိုလွှင့်ပစ်ကာ အသစ်ထပ်ထည့်နေတုန်း အိမ်ပေါ်ကထွန်းညိုဆင်းလာတယ်။ 'ဟော..ကိုသာထန်ဘယ်တုန်း' အပေါ်ဗလာကျင်းနဲ့ ပုဆိုးစကိုဖြည်ကာမျက်နှာနဲ့ခန္ဓာပေါ်ကစိုနေတဲ့ချွေးကိုသုတ်ရင်းမေးလိုက်တယ်။ 'အေး...မင်းမိန်းမငွေနှင်းတို့မှာထားတဲ့မြင်းခြံမြို့ကပိတ်စတွေလာပေးတာ...သူတို့ဘယ်သွားကြတုန်း' 'သူ့အမေနဲ့ဘုန်းကြီးကျောင်းဘက်သွားကြတယ်..စောင့်ဦးလေ' 'အေး..အေး'။ ရေချမ်းအိုးကရေခပ်သောက်နေတဲ့ထွန်းညိုရဲ့ကျောပြင်ကိုကြည့်ကာ လီးကတောင်ချင်သလိုလို၊ ဖင်ကယားချင်သလိုလိုဖြစ်လာတယ်။ 'မြို့ပေါ်ကအခြေအနေတွေကအေးဆေးပဲလားကိုသာထန်' 'အေး..အေးဆေးပါပဲကွာ...တခါတလေကျနိုင်ငံရေးဟောပြောပွဲတွေရှိရင်တော့ အဖမ်းအစီးရှိတာပေါ့...တို့ဗမာအစည်းအရုံးကသခင်အချို့လည်းအဖမ်းခံရတာတွေရှိတာပေါ့' 'အော်..' တကယ်တော့ထွန်းညိုကသူဌေးသားပေမယ့်ကိုသာထန်လိုခေတ်ပညာမတတ်သလို၊ မြို့ရွာနိုင်ငံရေးအကြောင်းတွေကိုလည်း ဂဏနနခရေစေ့တွင်းကျမသိချေ။ 'ကိုသာထန်..ရောက်ပလား..မျှော်လိုက်ရတာတော်..အရီးတို့ကမနေ့ကရောက်မယ်ဆိုလို့ညနေစောင်းသွားကြည့်သေးတယ်..မရောက်သေးဘူးဆိုလို့လေ' 'အေး..ငါမနေ့ကညကြီးမိုးချုပ်မှပြန်ရောက်လို့' 'အလိုတော်..ညမျိုးချုပ်မှာသွားမနေပါနဲ့..အန္တရာယ်များလှပါဘိ..မနေ့ညကတောင် တောက်ထိိန်ရွာမှာဓါးပြဝင်စီးလို့တဲ့..ရွာသူကြီးနဲ့လူရွယ်တွေကိုဖမ်းခေါ်သွားတယ်တဲ့တော်..ခုပဲဘုန်းကြီးကျောင်းကကြားလာခဲ့တာ' 'ဟုတ်သလား...ငါတော့မကြားမိပေါင်...ကဲရော့..ရော့..နင်တို့မှာထားတဲ့ပိတ်စတွေ' ကိုသာထန်ကဘေးနားချထားတဲ့ပိတ်စတွေကိုငွေနှင်းတို့ညီအစ်မလက်ထဲထည့်ပေးလိုက်တယ်။ ခုတလောဓါးပြတွေကရွာကိုဝင်စီးတာတွေကိုဟိုတစ သည်တစကြားနေရတယ်။ ငွေနှင်းတို့ကပိတ်စဖိုးကျသင့်ငွေကိုပေးချေကာ 'ကျေးဇူးပါ..ကိုသာထန်ရေ..ကျုပ်တို့ညီအစ်မတွေက ကိုသာထန်နဲ့လှမ်းမှာမှလှလှပပတွေရတာ..အိမ်ကကိုမြတ်သာနဲ့မှာရင်အကြိုက်မတွေ့ပေါင်..သူကသိပ်စိတ်ရှည်သကိုး...အဆင်တွေကဘာလုပ်မတုန်း...ဝတ်လို့လုံရင်ပြီးပြီပေါ့ဆိုပြီးအော်ငေါက်သေးတာ' မရွှေနှင်းကယောင်္ကျားဖြစ်သူကိုမြတ်သာကိုအတင်းတုပ်လေ၏။ 'နောက်တခါမြို့ပေါ်သွားဖြစ်ရင်ကျတော်လိုက်သွားပြီးသေချာရွေးဝယ်လာပေးပါ့မယ်ဗျာ' ထွန်းညိုကဝင်ပြောတော့ အကုန်လုံးရယ်ကြတယ်။ သူ့စကားမှာရယ်စရာမပါပေမယ့်ဘာကြောင့်ရယ်ကြလဲဆိုတာကိုတော့ထွန်းညိုမသိပေ။

သူကြီးသမက် ထွန်းညိုWhere stories live. Discover now