Beginning or The End

256 36 12
                                    

ချန်းယောလ် အိမ်‌ရှေ့ကထွက်သွားတာကို
ခပ်အေးအေးစတိုင်လုပ်ပြီးကြည့်နေမိတဲ့
ဘက်ခဟျွန်းက

သတိရတာနဲ့ နောက်ဖေးတံခါးတွေအားလုံးကိုပါ အပြေးတစ်ပိုင်းသွားကာ သော့ချလိုက်သည်

*ဖူး*

တံခါးတွေကိုဖြတ်ပြီး ဝင်လာနိုင်မှာတော့ မဟုတ်ပါဘူး

စိတ်အေးသွားတာနဲ့ သက်ပြင်းမောတစ်ချက်ကို ဟူးခနဲ လွှတ်ထုတ်မိတော့သည်

၈နှစ်​လော်ကြာမှ ဝုန်းဆို​​ရောက်လာတဲ့ အမျိူးသား​ဖြစ်သူကြောင့် ရုတ်တရက်ကြီး တစ်ခုခုကို ဆာလောင်လာသလိုဖြစ်ကာ မီးဖိုချောင်ဘက် ပြေးမိသည်

“ ကျေးဇူးပြုပြီး ....ရှိပါစေ”

ဘက်ခဟျွန်းဟာ ပုံမှန်ဆို ဘီယာတွေဘာတွေထက် ကိုကာကိုလာလောက်သာ သောက်တတ်တဲ့သူဖြစ်တာမို့
ရေခဲသေတ္တာထဲမှာ ကံကောင်းထောက်မစွာ
တစ်ဘူးတည်းရှိနေသော ဘီယာကပင် သူ့အတွက် ဘုရား​​ပေးတဲ့ ​စိတ်ငြိမ်​ဆေးကြီးဖြစ်သည်

ဝမ်းသာအားရ ဘီယာဘူးကို ဖွင့်ကာ ယူမော့လိုက်သည်

*အဟွတ်..အဟွတ်..အဟွတ်*

“နောက်တစ်ခါ အိမ်ခန်းတံခါးတွေသော့ခတ်ပြီး ပုန်းမယ်ဆို ၊ အပိုသော့ကို အပြင်မှာ ထားတတ်တာမသိစေနဲ့လေ”

ရုတ်တရက်ထွက်လာတဲ့အသံနဲ့ အတူ အိမ်ခန်းထဲ ဝင်ရောက်လာတဲ့လူကြောင့် သောက်လက်စ ဘီယာတို့ သီးကာ တော်တော်နဲ့ စကားပြန်မပြောနိုင်ဘဲ မျက်လုံးပြူးနဲ့သာ ကြည့်နေရတဲ့ ဘက်ခဟျွန်းရယ်ပါ

မက်မွန်သီးပင်ခြေရင်းမှာ အပို​သော့တစ်​ချောင်းဖွက်ထားလေ့ရှိတာမို့ ရအောင်ရှာပြီး ဖွင့်ဝင်လာတဲ့ ချန်းယောလ်

“အဟွတ်..ဒါ.မင်းသူများအိမ်ထဲကို ပိုင်နက်ကျူးကျော်လာတာပဲ ..ငါ့အိမ်ထဲက....ခုထွက်”

“ဘာ ပိုင်နက်ကျူးကျော်တယ်ဟုတ်လား၊ တော်တော်လေး ဒရမာခင်းတာတော်တယ်နော်၊ အဲ့လိုပြောကြေးဆို ဒီအိမ်ဝယ်ထားတာ ငါ့နာမည်လည်းပါတာမို့ တစ်ဝက်ဆိုင်တာပဲ၊ ဒါပေမယ့် စိတ်မပူပါနဲ့ ငါဒီအိမ်စုတ်ကို ပြန်ယူဖို့လာတာမဟုတ်ပါဘူး၊ မင်းသာ လက်မှတ်ထိုးပေးရင် ခုချက်ချင်းထွက်သွားမှာ”

BittersweetWhere stories live. Discover now