Hard to hold on, hurt to let it go

237 34 7
                                    

(သီချင်း​လေး အရင်နား​ထောင်ပါ)

***

မိသားစု မနက်စာ ထမင်းဝိုင်းက ခြောက်ကပ်နေတယ်

တစ်ခါတစ်ရံ ဖေဖေရဲ့ ဟင်းရည် သောက်သံ တစ်ရှူးရှူးရယ် ဇွန်းသံ တူသံရယ်ကလွဲလို့

ဘယ်သူမှ စကားမပြောဖြစ်ကြဘူး

ဒီ​နေ့ ပြန်မယ်ဆိုတဲ့အကြောင်း သူပြောပြီးတဲ့နောက်မှာ နှစ်ယောက်လုံး ဘာတစ်ခွန်းမှ မပြောကြသေးဘူး

စားသောက်ပြီးတော့ ပန်းကန်တွေသိမ်းဖို့ မေမေ့ကို သူကူပေးနေတယ်

“ဘက်ခဟျွန်းက ဘာပြောလဲ”

“ဟင့်အင်း ဘာကိုလဲမေမေ”

ပန်းကန်တွေဆေးနေရာကနေ မေမေ့ကို မကြည့်ဘဲ သူဖြေလိုက်တယ်

မေမေတစ်ခုခုကို ရိပ်မိသွားမှာ သူကြောက်နေတယ်

“ကွာရှင်းဖို့ ကို”

“မေမေ သိတယ်လား”

“တစ်မြို့လုံးသိနေတာပဲ”

မေမေ့ အသံက အလိုမကျမှုကြောင့် အေးတိအေးစက်

“ကျွန်တော်တို့ ဆက်ဆံရေးက ကြာခဲ့ပြီလေ..သူရော..ကျွန်တော်ရော ပြန်မလှည့်သင့်တော့ဘူး...ပြီးတော့ ကျွန်တော် ဒီမှာ သူနဲ့ နေသွားဖို့လည်း မဖြစ်နိုင်ဘူး မေမေ..ကျွန်တော့်အလုပ်က ဟိုမှာ၊ သူကလည်း ကျွန်တော်နဲ့ အဲ့လို လိုက်နိုင်မှာ မဟုတ်ဘူး ..အဲ့ဒီလိုပဲ ကျွန်တော်ထင်တယ်”

ချန်းယောလ်က သူပြောနေတဲ့ စကားတွေ ဆီလျော်ရဲ့လား မသိပေမယ့် မေမေကတော့ ခေါင်းငြိမ့်တယ်

“ဒါဆို ပြသနာက ဘာလဲ”

“ဟင်”

“ပြသနာက သူက မလိုက်နိုင်တာလား၊ မင်းက မနေချင်တာလား”

မေမေက တိတိကျကျမေးခွန်းကို မေးတာမို့ သူကြောင်သွားတယ်

“ကျွန်တော်လည်း မသိဘူး မေမေ”

သူက မေမေနားက နေ တရားခံစစ်သလို စစ်မေးခံရမှာကို ကြောက်တာမို့ ထွက်သွားဖို့ ပြင်လိုက်တယ်

BittersweetWhere stories live. Discover now