B I T T E R S W E E T🍒🍓

394 39 11
                                    

မီးခိုး​ရောင် Porsche Car ​လေးဟာ လမ်းငယ်ထဲကို ဖြည်းဖြည်းချင်းလှိမ့်ဝင်လာတယ်

မီးခိုး​​ရောင်ဆွယ်တာကို ဖြူသန့်​နေတဲ့ ​​ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း လူရွယ်တစ်​ယောက် ဆင်းလာတယ်

​သေသပ်စွာခက်ထားတဲ့ ခြံစည်းရိုး​ဖြူဖြူ​တွေကို ​တွေ့တဲ့အခါ သူ့နှုတ်ခမ်းမှာ အပြုံးတို့ စွန်းထင်းသွားတယ်

​သော့ခတ်မထားတဲ့ ခြံတံခါးကို အသာအယာ
တွန်းဖွင့်ဝင်ရင်း အမှိုက်တစ်စမှမရှိ သန့်ရှင်း​နေတဲ့ ခြံဝန်းကို အသိအမှတ်ပြုသလို ​​ခေါင်းငြိမ့်တယ်...

အိမ်​​ရှေ့က ​အဖြူ​ရောင် ​ဒေစီတို့ဟာ တယုတယစိုက်ပျိုးထားတဲ့ ပိုင်ရှင်ရှိ​ကြောင်း အသိ​ပေး​နေတယ်

*ကျွီ*

အိမ်​ရှေ့တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်​​တော့
ကမန်းကတန်း​ပြေးပြီးထွက်လာတဲ့ လူတစ်​ယောက််

လက်ထဲမှာ ကြက်ဥ​​​​ခေါက်တံကိုလည်းကိုင်ထားလျက်သား

ဖလန်ထည်အကွက်ကြီးကြီး ​ဘောင်းဘီအနီ​ရောင်နဲ့ တွဲဝတ်ထားတဲ့ အစိမ်းရောင်ဆွယ်တာက လက်တို​နေ​သေးသည်..အဲ့ဒီ​ပေါ်မှာမှ
ပန်း​ရောင်ဧပရွန်ကို ထပ်ဝတ်ထားတဲ့သူဟာ
သူ့မျက်နှာကိုသာ ဖယ်ထားရင် ရယ်ချင်စရာ

သူ့ကို ​တွေ့လိုက်ရတဲ့ ခဏမှာ လင်းလက်သွားတဲ့မျက်ဝန်းရယ်...ချိုင့်ခွက်ဝင်သွားတဲ့ ပါးချိုင့်တစ်စုံရယ်

"​​ရောက်ပြီလား"

"အင်း"

အဲ့တာပဲ ​ပြောပြီး အကြာကြီး ​ငေးကြည့်​နေမိကြတယ်

တကယ်​​တော့ သူတို့စိတ်ထဲက ခံစားချက်​​တွေကို စကားလုံး​​နဲ့ ​ဖော်ပြဖို့ မလုံ​လောက်တာ​
ကြောင့်ဖြစ်မယ်

ဘက်ခဟျွန်းဟာ ချန်း​ယောလ်ကို ​တွေ့ရင် ရုပ်ရှင်​တွေထဲကလို့ ​ပြေးဖက်လိုက်ရမလားလို့ စဥ်းစားလာခဲ့တာ

ဒါ​ပေမယ့် ချန်း​ယောလ်ရဲ့ " [waseo] ​ရောက်ပြီလား "ဆိုတဲ့ စကား​ကြောင့် ဘာဆက်​လုပ်ရမှန်းမသိဘူး ဖြစ်သွား​တော့တာ

BittersweetWhere stories live. Discover now