A night with Ex-husband

238 36 15
                                    


မဟုတ်သေးပါဘူး

သူ့ ဖန်တစ်ယောက်‌‌ယောက်သာ မြင်ရင်

သူ့ကို Loey အနေနဲ့မှတ်မိတဲ့သူ တစ်ယောက်ယောက်သာတွေ့သွားရင် ဒီအခြေအနေကြီးကို ဘယ်လိုထင်မလဲ

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကိစ္စနဲ့ ရဲစခန်းမှာ ရောက်နေရတဲ့ကိစ္စကြီးကိုလေ

အဲ့တာကလည်း အရင်အမျိုးသားနဲ့အတူတူ အချုပ်ခန်းတစ်ခုတည်းမှာ ထည့်ပိတ်ခံထားရတာ

ပြီးတော့ စခန်းတစ်ခုလုံးက ဝန်ထမ်းဟောင်းတွေကလည်း ချန်းယောလ်ကို ပုခုံးပုတ်ပြီး ကြိုဆိုနေကြသေးတာ

"ဆူဟို ဒါကတော့ မဟုတ်သေးဘူးလေ၊ ပြီးခဲ့တာတွေလည်း ပြီးပြီပဲ မင်းမကျေနပ်လို့ လျော်ဆိုရင်လည်း လျော်ပါမယ်။ ဒီလိုကြီး တန်းထည့်ထားတာကတော့ မလွန်ဘူးလား"

အခန်းအပြင်ဘက်မှာ သူတို့ကို ကျောပေးပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့ ဆူဟို ကို
ချန်းယောလ်က လှမ်းအော်သည်

"ဟ တရားခံပြေးမို့ အဲ့လို့ ထည့်ထားရတာပေါ့ ၊ အခုမှ မရောက်ဘူးသလို ပုံစံဖမ်းမနေပါနဲ့၊ မင်းအိမ်မှာ အိပ်ခဲ့ရတဲ့ညထက် အဲ့ဒီခန်းထဲ အိပ်ခဲ့ရတဲ့ညက မင်းအတွက်ပိုများခဲ့တာကို"

"ကျစ်..အဲ့တာ ငယ်ငယ်တုန်းကလေ၊ အခု ငါလူကြီးဖြစ်နေပြီ"

"လူကြီးဖြစ်လာလို့ပဲ ကိုယ်လုပ်ခဲ့တာတွေအတွက် ကိုယ်တာဝန်ယူသင့်တာပေါ့"

"အဲ့ဒါကိုတော့ သူ့ဆီကမျှော်လင့်မနေပါနဲ့"

ငြိမ်နေတဲ့ ဘက်ခဟျွန်းက ဝင်ပြောသည်

"ဘက်ခဟျွန်း...မင်း"

ချန်းယောလ်က လက်သီးရွယ်ပြသည်

"ခင်ပွန်းသည်က လက်သီးနဲ့ ထိုးရင်ရော ဘယ်နေရာမှာဖြစ်ဖြစ် အိမ်တွင်းအကြမ်းဖက်မှုမြောက်လား ဆူဟို"

"ရာ့...ငါမင်းကို ရွယ်ယုံပဲ ရွယ်ရသေးတာလေ"

"ဟင် ချန်းယောလ်က မင်းကို အရင်ကရော အကြမ်းဖက်ပြီးရိုက်နှက်တာတွေ ရှိခဲ့လား ဟျွန်းနီး"

ဘက်ခဟျွန်းက စဉ်းစားနေသလို ခဏငြိမ်သွားတယ်

"ဟင့်အင်း မရှိပါဘူး၊ သူ ...ငါ့ကို တစ်ခါမှ ကိုယ်ထိလက်ရောက် မရိုက်ဖူးပါဘူး"

BittersweetWhere stories live. Discover now