Waking up in the old bedroom

207 37 9
                                    


ကိုက်ခဲနေတဲ့ နားထင်ကို ဖြစ်ညှစ်ရင်း ချန်းယောလ်ဟာ နိုးလာတယ်

တစ်ကိုယ်လုံးလေးလံနာကျင်နေတာကို သတိထားမိပြီး မျက်လုံးဖွင့်အကြည့်မှာ သတိထားမိတာက အဝါရောင်မျက်နှာကျက်

နေရောင်ဖျော့ဖျော့ထိုးနေတဲ့ ပြူတင်းပေါက်ရှိရာကို လှမ်းအကြည့်မှာ  အဝါရောင်ခန်းစည်းစလွင်လွင်လေးဟာ လေပြေအလွင့်မှာ လှုပ်ခါနေတယ်

ချန်းယောလ်ရဲ့  နှလုံးသားဟာ ခန်းစည်းစရဲ့ ဖြားယောင်းမှုကြောင့်လား

အိပ်ရာခင်းစရဲ့ နွေးထွေးမှုကြောင့်လား ဝေခွဲမရစွာ သိမ့်ခနဲ လှုပ်ခါသွားတယ်

ထင်းရှူးနံ့သင်းသင်းကို သူအဆုတ်တစ်ခုလုံး လုံလောက်အောင် ရူသွင်းပြီး အိပ်ရာထဖို့ အားယူလိုက်တယ်

အိမ်ရာဘေးက စားပွဲပေါ်မှာ နေရောင်ဖြာကျမှုကြောင့်လင်းလက်နေတဲ့ ဖန်ခရစ်စမတ်ဘောလုံးလေးကို အကြည့်ရောက်တယ်

အဲ့တာ စျေးရောင်းပွဲမှာ ပထမဆုံးနှင်းကျတဲ့နေ့က ဘက်ခဟျွန်းကို သူဝယ်ပေးထားတာ

အဲ့ဒီနေ့က ဘက်ခဟျွန်းကို သူပထမဆုံးဖွင့်ပြောခဲ့တာဖြစ်တယ်

“နှင်းပွင့်တွေကို မရေတွက်နိုင်သလိုမျိုး ငါမင်းကို အတိုင်းအဆမရှိ ချစ်တယ်”

သူ့စကားကို ဘက်ခဟျွန်းက “(ဘိုရာ) ဘာလဲကွာ အဘိုးကြီးလိုမျိုး” ဆိုပြီး စနောက်တာကြောင့် ဖွင့်ပြောတဲ့သူက စိတ်ကောက်ရသေးတယ်

အမြဲတမ်း စနောက်နေတဲ့ အချစ်ဆုံးသူငယ်ချင်းကို ဖွင့်ပြောဖို့ ဘယ်လောက်ခက်ခဲကြောင်း သူအကြိမ်ကြိမ်လေ့ကျင့်ခဲ့ရတဲ့အကြောင်း တွတ်ပွတွတ်ပွပြောပြီး သူစိတ်တိုနေတော့

“မင်းမပြောရင် ငါလည်း ဒီညတော့ ဖွင့်ပြောမလို့ပဲ” တဲ့လေ

ဘက်ခဟျွန်းဟာ သူ့ကို ဒဏ်ရာတွေအရင်ပေးပြီးမှ ဆေးပေးတတ်တဲ့ ခပ်ဆိုးဆိုးကောင်လေးပါပဲ

ချန်းယောလ်ဟာ သဘောကျနှစ်သက်စွာပြုံးမိရင်း ဖန်လုံးကို လှုပ်ခါကြည့်ဖို့ လက်အလှမ်းမှာ အပြုံးတို့ကို နာကျင်မှုတစ်ခုက တိုက်စားသွားတယ်

BittersweetWhere stories live. Discover now