A tree in my soul

222 34 15
                                    

"ဟာ လာပြီ လာပြီ"

​ခေါင်းငိုက်စိုက်နဲ့ အိမ်ထဲကို ဝင်လာတဲ့ ချန်း​​ယောလ်ကို စီးကြို​နေတဲ့ ကြားဖူး​နေကျအသံ​ကြောင့် ချန်း​​​ယောလ် ဝမ်းသာသွားသည်

"ဒိုဂ​ယောင်းဆူ"

"ဟုတ်ပ သားသူငယ်ချင်းက သား​ရောက်​​နေတယ် သတင်းကြားလို့တဲ့ တကူးတကလာရှာတာ"

ချန်း​ယောလ်က ဂ​ယောင်းဆူဆီသွားရင်း ပုခုံးဖက်ကာ နှုတ်ဆတ်လိုက်သည်။

"မင်း ဘယ်​တွေ​ရောက်​နေလဲ"

"ငါက ဟိုဘက်နယ်က လယ်ယာစိုက်ပျိုး​ရေးရုံးမှာ"

"ဟင်"

ချန်း​ယောလ်က သူနဲ့မရင်းနှီး​သော နယ်ပယ်​ကြောင့် မျက်ခုံးတွန့်စဥ်းစား​နေမိသည်

"အမ​လေး တို့ဂ​ယောင်းဆူ​လေးက ဆိုလ်းရုံးက ​ရွေးချယ်ခံရတာ​တောင် အဲ့မှာပဲ မခွာဘူး​လေ၊ ဒီနယ်တစ်ဝိုက်က ခြံတွေ​၊စိုက်ခင်း​တွေ အထွက်ကောင်းတာ သူ့သင်တန်းပို့ချမှု​တွေ​ကြောင့် ​တောင်သူ​ကြီးတွေက​တော့ သဲသဲလှုပ်​နေ​ရော၊ ဌာနမှူး​​လေး ဌာနမှူး​လေးနဲ့"

​မေ​​မေက ဂ​ယောင်းဆူ ယူလာပုံရတဲ့ လိ​မ္မော်သီး​တွေ၊ စပျစ်သီး​တွေကို ​ရေခဲ​သေတ္တာထဲထည့်ရင်း ကြွားသည်။ သူနာမည်ကြီးတာထက်ကို
ဂ​ယောင်းဆူ နာမည်ကြီးတာကို ပိုသ​​ဘောကျ​နေပုံပါပဲ

ဂ​​ယောင်းဆူက​တော့ ​မေ​မေ​ပြောတာကို အားရပါးရ ရယ်​နေယုံအပြင် ဘာမှဝင်မ​​ပြော

"လာကွာ အ​ပေါ်ထက်ကို သွားကြမယ်၊ ​​ဒီမှာ
မေ​မေနဲ့ စကား​ပြောလို့ရမှာမဟုတ်ဘူး"

ချန်း​ယောလ်က ​မေ​မေမကြား​အောင် တိုးတိုးကပ်​ပြောလိုက်သည်။

"မတတ်​တော့ဘူးကွာ၊ ငါမနက်​စောတည်းက ​​ရောက်​နေတာကွ၊ ဂျုံဒယ်နဲ့ အတူတူလာတာ သူ​တောင် မ​စောင့်နိုင်လို့ သွားပြီ။ ဘက်ခဟျွန်းဆီပဲ ​နေမှာ​ပေါ့တဲ့ သူက​တောင်​ပြောသွား​သေး"

"ရှူး"

​မေ​မေကြားသွားမှာစိုးလို့ သူမြန်မြန်အရိပ်အ​​ချေပြရသည်

"ဒီည​ မီးပုံပွဲ ရှိတယ်​လေ သိတယ်မလား၊  ည​နေကျမှ ​တွေ့ရ​အောင်၊ ငါက မြို့နယ်အစည်းအ​ဝေးတတ်ရအုံးမှာသွား​တော့မယ်"

BittersweetWhere stories live. Discover now