“ဘက်ခ်ဟျွန်း”
“ဟင်”
“လက်မှတ်ထိုးပေးလိုက်ပြီဆို”
ဂျုံအင်နဲ့အတူတူ မီးပန်းဖောက်ဖို့ ပြင်နေတဲ့
ချန်းယောလ်ကို ကြည့်ရင်း ဂယောင်းဆူကမေးသည်ဂျုံးဒယ်ရဲ့ ငြင်းခုံနေတဲ့အသံကို အဝေးကပင်ကြားရသည်
ချန်းယော်လ်က သဘောကျကာ မြက်ခင်းပေါ် ဒူးထောက်ကာ အားရပါးရ ရယ်မောနေသည်
ဘက်ခဟျွန်း သူ့အကြည့်တို့ကို မလွှဲဖယ်မိ
ဒါဟာ ဒီလူရဲ့ ရယ်မောခြင်းတို့ကို နောက်ဆုံး ငေးမိခြင်းမျိုးမလား
“အင်း”
“ဟူး ဒါပေမယ့် မင်းခံစားချက်တွေကို ဖွင့်ပြောသင့်တယ် မထင်ဘူးလား”
“ငါ့ ခံစားချက်တွေ”
“ချန်းယောလ်ကို ကြည့်နေတဲ့မင်းမျက်ဝန်းတွေကို ငါမြင်ရတယ်”
“အဟက်”
အခိုင်အမာပြောနေတဲ့ ဂယောင်းဆူကြောင့် ဘက်ခဟျွန်းက နာကျင် ခြောက်ကပ်စွာရယ်သည်
“မဟုတ်သေးဘူးလေ...မင်းတို့ ဒီလိုနဲ့ ပြီးသွားတော့မှာလား”
ကြားက ဂယောင်းဆူရဲ့ အသံက မချင့်မရဲထပ်ထွက်လာသည်
“ငါက အတင်းလုပ်ယူရတာမျိုး မုန်းတယ်လေ”
“ဒါပေမယ့်...”
“မစိုးရိမ်ပါနဲ့ ငါအဆင်ပြေပါတယ်၊ သူမရှိတာ အခုမှ မှမဟုတ်တာ”
စိုးရိမ်နေတဲ့ ဂယောင်းဆူကို သူကပဲ ပြန်နှစ်သိမ့်လိုက်သည်
အရင်တုန်းကလိုဖြစ်မှာကို စိုးရိမ်နေပုံပါပဲ
ချန်းယောလ်ထွက်သွားပြီးနောက်မှာ
ဘက်ခဟျွန်းဟာ အချိန်အတော်ကြာထိ အဆင်မပြေခဲ့ဘူးဘယ်သူနဲ့မှ စကားကောင်းကောင်းမပြောတော့ပဲ အခန်းထဲမှာပဲ အောင်းနေခဲ့တာ
ပထမတော့ ချန်းယောလ်ကသူနဲ့တကယ်မခွဲနိုင်ပါဘူးလို့ အထင်ကြီးခဲ့တာလည်းပါတယ်
နောက်တော့ သူအသုံးမကျလို့သာ ထားခဲ့တာပဲဆိုပြီး စိတ်ဓာတ်တွေကျပြီး ဘာကိုမှ စိတ်ဝင်စားမှုမရှိတော့ပဲ ဖြစ်နေခဲ့တာ
YOU ARE READING
Bittersweet
Fanfictionအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...