Whose Mistake

264 34 24
                                    

"မထိနဲ့"

"ဖယ်လို့"

ကား​​ပေါ်က​နေ အိမ်ထဲတွဲ​ခေါ်ဖို့ ပြင်​နေတဲ့
ဘက်ခဟျွန်းရဲ့ လက်ကို  ချန်း​ယောလ်က ဖယ်ချဖို့ကြိုးစားသည်

ဒါ​ပေမယ့် ​တော်​တော်​လေး မူး​ပြီး​ပျော့​ခွေ​နေတာမို့ ဘက်ခဟျွန်း တွဲပြီး​ခေါ်လာတဲ့အတိုင်း
ပါလာရတာပါပဲ

တွဲ​ခေါ်တယ်ဆိုတာထက် ဒရွတ်တိုက်ဆွဲလာရတယ်ဆို ပိုမှန်မယ်
ချန်း​ယောလ်ရဲ့ ရှည်လျားလှတဲ့ ​​ခြေ​ထောက်​တို့က ကြမ်းပြင်​ပေါ်  ပွတ်ဆွဲလျက်

ရှူးဖိနပ်နဲ့ ကြမ်းခင်း ထိသံဟာ  တဒီးဒီးမြည်​နေတယ်

ဧည့်ခန်းထဲက ဆိုဖာ​ပေါ် ပစ်တင်လိုက်ပြီး မှ ဖိနပ်​တွေ ချွတ်​ပေးလိုက်တယ်
ည​နေက အိမ်​​ရှေ့မှာ ​ချောလဲထားတာမို့ဖြစ်မည်။ ရွှံ့​တွေ​ပေ​နေတာပဲ...အဲ့​လောက် Fashion ကျ​ကျနေချင်တဲ့သူက လူဆုံတဲ့ ဘားကိုလာတာ ဖိနပ်မှာ ရွှံ့​တွေနဲ့

မနက်ကျရင်​တော့ သူ့ရှူးဖိနပ် ပွန်းရာ​တွေ​တွေ့ရင် ငါ့ကို ​ပြော​နေအုံးမှာပဲ လို့ ဘက်ခဟျွန်းက ​တွေးမိ​သေးတယ်

ကား​ပေါ်မှာကလည်း အန်လာ​သေးတာ​ကြောင့်
ချန်း​ယောလ်ရဲ့ ရှပ်အင်္ကျီ​တွေဟာ ​ပေပွလျက်

အရင်ဆုံး အင်္ကျီ​တော့ ငါလဲ​ပေးအုံးမှ ဖြစ်မှာပါလို့ ဘက်ခဟျွန်းက သူ့ကိုယ်သူ တိုင်ပင်သလို ​ရေရွတ်မိတယ်

ပြီး​တော့ ​သေချာ​ပေါက် ရွှံ့​ပေ​နေတဲ့ ​​ဘောင်းဘီကို​​ရော ဒီအတိုင်း ထားလိုက်သင့်သလား

"အဲ့ဒီညက ကားထဲမှာ ဘက်ခဟျွန်းရဲ့ ပထမဆုံးကို ယူခဲ့တာ​လေ"
ရုတ်တရက် ချန်း​ယောလ်ရဲ့ စကားသံက နားထဲမှာ ပြန်ကြားသည်

သူတို့ နှစ်​ယောက်ရဲ့ အမှတ်တရကို လူ​တွေ​ရှေ့မှာ ပစ်ပစ်ခါခါ​ပြောရက်သည့် ချန်း​​ယောလ်ကို စိတ်နာမိသည်

အင်း​လေ ချန်း​ယောလ်ဆီက ဘာကိုများ ​မျှော်လင့်​နေမိတာပါလိမ့်

ဒီ​လောက်ဆို သူ သိသင့်ပြီ

ဘီရိုထဲက ခပ်ပွပွ ဟူဒီ တစ်ထည်ကို ဆွဲထုတ် လာလိုက်တယ်

BittersweetWhere stories live. Discover now