The reason why we broke up

248 36 13
                                    

ဂျွန်ဟီးကို သူ့အိမ်က ဧည့်ခန်းမှာ​တွေ့ရတာက အနည်းငယ် မျက်နှာပူသည်။
အထူးသဖြင့် နံရံမှာ ဘက်ခဟျွန်းနဲ့ သူ့ပုံ​တွေရဲ့ အလယ်မှာ​ပေါ့...

ပြီး​တော့ သူ့ကို ဝမ်းပမ်းတသာကြိုရင်​တောင် အနည်းငယ် ​နေသာအုံးမည်ဆို​ပေမယ့် ဂျွန်ဟီးက ဆိုဖာ​ပေါ်ထိုင်​နေရာကထမလာပါ

ဂျွန်ဟီးရဲ့​ဘေးမှာ ​​မေ​​မေထိုင်​နေပြီး...​မေ​မေ့​ပေါင်​ပေါ်ဖွင့်လျက်သားရှိ​နေတာက​တော့ သူတို့လက်ထပ်တုန်းက ဓါတ်ပုံအယ်ဘမ်

"သား အခန်းကို ​​ခေါ်သွားပြီး ​သေချာ စကား​ပြောလိုက်အုံး"

အ​ခြေ​နေကို ရိပ်မိတဲ့​မေ​မေက ဝင်​ပြောသည်။

"လာ​​နော် ကိုယ့်အခန်းက အ​​ပေါ်မှာ"

တိတ်တဆိတ်လိုက်လာတဲ့ ဂျွန်ဟီးက ​​မေ​မေ​​ရှေ့မှာမို့ ခံစားချက်ကို ချုပ်တည်းထားဟန်တူသည်။ အခန်းတံခါးပိတ်လိုက်တာနဲ့ မျက်ရည်တို့ကျလာသည်။

"ချန်းက...အိမ်​ထောင်ရှိတယ် ဟုတ်လား"

"​ဆောရီး ကိုယ်ရှင်းပြပါမယ်"

"အိမ်​ထောင်ရှိတဲ့​ယောကျ်ားတစ်​ယောက်နဲ့ ကျွန်မက ပါတ်သတ်နေမိတာလား ဟင်၊ ချန်း ဘာဖြစ်လို့ ကျွန်မကို လှည့်စားခဲ့ရတာလဲ"

"ဂျွန်ဟီးရား..ကိုယ်​ပြောတာ နား​ထောင်ပါအုံး"

"ကျွန်မတို့တွဲလာတာ တစ်နှစ်​ကျော်ပြီ​လေ..အခုလက်ထပ်ဖို့လပိုင်း​​လောက်အလိုမှ
ချန်းက အိမ်​ထောင်သည်တဲ့လား၊ မီဒီယာမှာလည်း ကျွန်မတို့ လက်ထပ်မယ့်အ​ကြောင်းက ဟိုး​လေးတစ်​​ကျော်ဖြစ်​နေပြီ။ ဒီကြားထဲမှာ ကျွန်မကို မ​ပြောပဲ ဘယ်လိုလှည့်စားနိုင်ရတာလဲ..ချန်း လက်ထက်ထားပြီးသားဆိုတာ ​စော​စောက ကြို​ပြောသင့်တယ်မလား"

"မဟုတ်ဘူး...ဂျွန်ဟီးရာ...အခုမဟုတ်​တော့ပါဘူး"

"ဘာကို မဟုတ်ရမှာလဲ။ ချန်းအ​မေက
ဓါတ်ပုံပြပြီး ဒါ ချန်း​​ယောလ်ရဲ့အမျိုးသား ​လေလို့ ​ပြောတုန်းက ကျွန်မ ဘယ်​လောင်​တောင် ​ကြောင်​တောင်​တောင်ဖြစ်သွားလဲ သိလား...အဲဒီမှာ ဘာမှမဖြစ်သလို ဆက်နား​ထောင်​နေခဲ့ရတာ.."

BittersweetWhere stories live. Discover now