Ep-1

1.4K 69 1
                                    

လိုတရသည်လက်နှစ်ဖက်ကိုဟန်ပါပါပိုက်ထားလျက်မျက်နှာကိုမော့ချီကာဆုံလည်ကာလားထိုင်ပေါ်မိန့်မိန့်ကြီးဒူးချိတ်ကာထိုင်၍..သူ့ရှေ့ကအမျိုးသမီးကိုကြည့်နေသည်......

'ဒါ...ဒါ.....ဒါက.....မင်းတမင်ယုတ်မာတာဘဲလိုတရ''

ကုမ္ပဏီရဲ့ငွေရေးကြေးရေးကဘယ်လိုအဆင်မပြေတော့တဲ့အဆုံးမှာ..သူ့ရဲ့ညစ်တီးညစ်ပတ်စာချုပ်ပေါ်လက်မှတ်ထိုးမိခဲ့တဲ့စွဲဟာအမှားကြီးမှားခဲ့ချေပြီ

                  ''ဖျတ်''

မျက်နှာတည့်တည့်ကိုပစ်ပေါက်လာတဲ့စာချုပ်
စာတမ်းများ...........

ပါတိတ်ဝမ်းဆက်အနီရောင်ကိုဝတ်ထားတဲ့ရှေ့ကအမျိုးသမီးဟာအသက်၄၀ဆိုတာကိုယုံနိုင်စရာအကြောင်းတစ်စက်မရှိလောက်အောင်ပြည့်ဖြိုးလုံးဝန်းနေသောရင်သား..စွင့်ကားနေသောတင်...သွယ်လျလွန်းသောခါးတို့ဖြင့်ရမ္မက်ကြွလာအောင်လာဆွနေသလိုပင်......

''အန်တီကိုယ်တိုင်လက်မှတ်ထိုးခဲ့တာတွေပါ...ကျွန်မဘာတစ်ခုမှမယုတ်မာရသေးဘူး''

''မင်း......ငါဒီလိုဖြစ်လာအောင်တမင်ချောင်ပိတ်ရိုက်ခဲ့တာမလား..လိုတရ....''

လေလံပွဲမှာစွဲတို့ကုမ္ပဏီရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ projectကိုမရမကဝင်လုခဲ့တာကချောင်ပိတ်ရိုက်တာမဟုတ်လို့ဘာလဲ....

''အန်တီကိုယ်တိုင်ကတုံးအပြီးကျွန်မကိုယုံခဲ့တာဘဲလေ...ဒီတော့....ကျွန်မ မလွန်ဘူးထင်ပါတယ်'

''လိုတရ......''

''ကျွန်မနာမည်ကိုခေါ်ရတာအဲ့လောက်တောင်သဘောကျနေတာလား....ဒါဆိုလည်းခဏတော့သည်းခံထားပါအုံး....''

ထိုင်ရာကမတ်တပ်ထရပ်ကာထိုအမျိုးသမီးရဲ့နားနားကပ်ပြီး...

''ခုတင်ပေါ်ကျမှကျွန်မနာမည်ကိုဆက်ခေါ်ပေါ့.....''

''မင်း.......''

                    ''ဖြန်း...''

ခပ်ဆတ်ဆတ်လက်ဝါးတဖက်ဟာလိုတရရဲ့ပါးပြင်တဖက်ကိုထူပူစေခဲ့သည်.....

''ဒေါ်စွဲမက်မောခင်.........အလျော့ပေးနေတာကို
ရောင့်တက်မလာရင်ကောင်းမယ်......''

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now