Ep-6

611 39 0
                                    

''မောင်''

လူကိုတင်းနေအောင်ဖက်ထားသောသူ့ကိုမော့်ကြည့်ကာခပ်တိုးတိုးခေါ်လိုက်တော့သူကမှိတ်ထားသောမျက်ဝန်းများကိုမဖွင့်ဘဲ..

''ရှူး...ဒီမှာအိပ်နေတယ်''

''အိပ်နေလည်းလွှတ်တော့...နေရခက်တယ်ကွယ်''

''မောင်ကလူနာလေ....ခင်ဗျား မောင့်ကိုအလိုလိုက်ရမှာပေါ့''

''မင်းကွယ်....ငါ့ကိုဆိုသိပ်အနိုင်ယူတာဘဲ....''

ရင်ခွင်ထဲဝင်ကာတီကောင်ဆားထိသလိုလာလုပ်နေသောဒေါ်စွဲမက်မောခင်ကြောင့်လိုတရမှာပီတိဖြာကာဒဏ်ရာတွေပင်မေ့နေ၏..

''ကဲ..နိုးရင်လည်းထတော့....ခဏနေအဖွားလာတော့မယ်...မြင်သွားရင်မကောင်းဘူး''

''ဘာမကောင်းစရာရှိလဲ.......မောင်နဲ့ခင်ဗျားကဇနီးမယားတွေဘဲကို....တူတူအိပ်တာကောင်းပါတယ်''

''တော်ပါ...အရင်ကဖြင့်..သူဘဲ....''

                   ''မွ''

စွဲရဲ့ပါးပြင်ကိုနစ်ဝင်တဲ့အထိနမ်းရှိုက်လိုက်သောလိုတရ...

''အဲ့အကြောင်းတွေပြန်မပြောကြေး.....''

''လူလည်လေး''

လိုတရ..ရင်ခွင်ထဲကအမျိုးသမီးကိုခပ်တင်းတင်းဖက်လိုက်မိသည်..

''မောင်တို့ကလေးယူကြမလား''

''ကလေး....မောင်က ကလေးချစ်တတ်လို့လား''

''ချစ်တော့မချစ်တတ်ပါဘူး...ဒါမဲ့...ခင်ဗျားမွေးမဲ့ကလေးဆိုရင်တော့မောင်ချစ်ပေးနိုင်မှာပါ''

''မောင်လိုချင်တယ်ဆို..မွေးပေးမှာပေါ့.....''

'တကယ်နော်....မောင်ကဘောလုံးတစ်သင်းစာလိုချင်တာ....''

ထိုစကားကြောင့်စွဲသည်ရှက်သွားကာလိုတရရဲ့လက်မောင်းကိုထုတော့သည်

''အား....မိန်းမ..ဒဏ်ရာရှိတယ်....''

''ဟင်...နာသွားလား......စွဲမေ့သွားလို့ပါမောင်ရယ်....ဉုံဖွနော်.....''

''မပျောက်သေးဘူး..''

''ဉုံဖွ...ဉုံဖွ...ဉုံဖွ ''

လိုတရကစွဲကိုတဖန်ရင်ခွင်ထဲပြန်ဆွဲသွင်းကာနမ်းရှိုက်၏

''မောင် ခင်ဗျားကိုသိပ်ချစ်တယ်''

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now