Ep13

1K 77 3
                                    

လက်ရှိကာလ......

''ဒါဆို...အဲ့ကလေးက... ငါ့ကလေးပေါ့''

''ဟုတ်ပါတယ်မမလေး......ဒေါ်စွဲမက်မောခင်ကထောင်ထဲမှာဘဲကလေးမွေးခဲ့တာပါ....ပြီးတော့...ထောင်ထဲမှာစံပြအနေနဲ့နေခဲ့လို့လွတ်ငြိမ်းချမ်းသာခွင့်ကို၂နှစ်စောပြီးရခဲ့ပါတယ်''

လိုတရမှာမိုဘီပြောသောစကားများကိုနားထောင်ပြီးနောက်ဘာဆက်လုပ်ရမှန်းမသိရအောင်ခေါင်းရှုပ်သွားရသည်..

''ငါဘာဆက်လုပ်ရမလဲမင်းသိုက်''

''မင်းကိုငါမပြောခဲ့ဘူးလားတတ.....နောက်ဆက်တွဲအကျိုးဆက်တွေကိုထည့်စဉ်းစားပြီးမှလုပ်ပါလို့''

''ဟုတ်တယ်.... နင်ပြောတာမှန်တယ်...ငါဘာကိုမှမစဉ်းစားဘဲထင်ရာလုပ်ခဲ့မိတယ်.....ဒါမဲ့အဖွားကိုအဆိပ်ခတ်ခဲ့တဲ့အဲ့မိန်းမရဲ့လုပ်ရပ်ကိုငါဘယ်လိုမှခွင့်လွှတ်ပေးနိုင်မှာမဟုတ်ဘူး........''

''အဲ့တွက်သူလည်းထောင်ထဲမှာအပြစ်တွေခံခဲ့ပြီးပါပြီကွာ...''

''ဒါပေမဲ့သူအသက်ရှင်ခွင့်ရနေသေးတယ်လေ......အဲ့မိန်းမအသက်ရှင်နေသရွေ့ငါအဖွားတွက်လက်စားချေပေးရအုံးမှာဘဲ'

''အနည်းဆုံးတော့ မင်းတို့ကြားမှာကလေးရှိနေသေးတယ်လေကွာ....ကလေးမျက်နှာတော့ထောက်မှပေါ့.....''

လိုတရကမင်းသိုက်ရဲ့စကားကိုကြားပြီးနောက်မဲ့ပြုံးတစ်ချက်ပြုံးကာ

''သားကငါ့သား....သားမျက်နှာနဲ့အဲ့မိန်းမကိုခွင့်လွှတ်ပေးဖို့အစီစဉ်မရှိဘူး''

မမျှော်လင့်ထားသောအကောင်ငယ်လေးဟာ..လူ့လောကကြီးထဲရောက်လာခဲ့တယ်တဲ့လား....

''edenတဲ့.....တကယ်ကြီးငါ့နာမည်ကိုပေးပစ်တာဘဲ.....အေးလေ...ငါ့သားဘဲဟာ...ငါ့နာမည်ပေးရမှာပေါ့.....မိုဘီ''

''ပြောပါမမလေး''

''ငါနဲ့ကစားစရာနဲနဲသွားဝယ်ရအောင်ကွာ......''

''ဟုတ်ကဲ့မမလေး''

''ငါ့သားဆိုတော့ငါနဲ့အကြိုက်တူချင်တူမှာ.....''

တစ်ဆက်တည်းမှာပင်...ထိုကလေးရဲ့မျက်လုံးလေးတွေကိုမြင်ယောင်မိကာ..

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now