အပိုင်း၃

670 51 0
                                    

'ကျစ်..ဘာကိစ္စနဲ့ဒီမှာအိပ်နေပြန်တာလဲကွာ...''

တစ်ရေးနိုးရေထသောက်ချိန်...မီးဖိုချောင်ကြွေပြားပေါ်မှာဖျာလေးခင်းကာအိပ်နေသောထိုအမျိုးသမီးကိုတွေ့လိုက်ရ၍လိုတရမျက်မှောင်ကြုတ်မိသွားသည်...

''သူ့အသက်အရွယ်နဲ့လေဖြတ်သွားရင်ငါပါအမှုပတ်ဖို့''

အိပ်ပျော်နေသောသူမအားအသာယာပွေ့ကာအခန်းဆီခေါ်လာခဲ့လိုက်သည်...
တစ်ခါတလေ လိုတရ..ကိုယ့်ကိုကိုယ်တောင်သိပ်နားမလည်ချင်....ဒီမိန်းမကိုခါးခါးသီးသီးမုန်းနေသည့်တိုင်အောင်မသိစိတ်ကစိတ်ပူနေမိတာ......

''နဖူးကဘာဖြစ်ရပြန်တာလဲ..ဒီမိန်းမ''

သွေးစို့နေသောပတ်တီးစလေးကိုအသာဖယ်လိုက်တော့ပေါက်ပြဲနေသောနဖူးပြင်...
ဒါဟာလိုတရလက်ချက်ပေါ့......

''ဒီလောက်ဖြစ်နေတာတောင်တစ်ခွန်းမပြောဘူး...ဒီမိန်းမကတော့''

''လိုတရ....မင်း...''

နဖူးပြင်မှာစပ်ရှိန်းရှိန်းလေးဖြစ်လာတာကြောင့်.စွဲမျက်လုံးဖွင့်ကြည့်လိုက်ချိန်..လိုတရကစွဲရဲ့နဖူးကိုဆေးလိမ်းပေးနေသည်....

''ခင်ဗျားတော်တော်သေချင်နေတာလား
ဒေါ်စွဲမက်မောခင်...''

ပလာစတာအသစ်လေးပြန်ကပ်ပေးလိုက်ပြီး

''စေတနာပါလွန်းလို့တော့မထင်နဲ့..စောစောသေသွားရင်လက်စားဝအောင်မချေလိုက်ရမှာစိုးလို့လုပ်ပေးနေတာ....''

နဖူးကဒဏ်ရာကိုဆေးထည့်ပေးပြီးအခန်းထဲကပြန်ထွက်ဖို့လုပ်ချိန်...

''eden''

စွဲရဲ့ခေါ်သံကိုသူကြားသွားတဲ့ပုံပါဘဲ........လိုတရကစွဲဘက်ပြန်လှည့်လာပြီး

''edenဆိုတာသေဆုံးသွားပါပြီဒေါ်စွဲမက်မောခင်...အခုရှိနေတာ..လိုတရပါ......''

ပိတ်သွားတဲ့အခန်းတံခါးကိုကြည့်ရင်းစွဲခပ်တိုးတိုးရေရွတ်မိတာက..

''Edenကငါ့နှလုံးသားထဲမှာတော့ရှင်သန်နေဆဲပါလိုတရ.......သိပ်ကိုဖြူစင်ပြီး...ကြင်နာတတ်တဲ့... ရိုးသားတဲ့ပုံရိပ်လေးအနေနဲ့ပေါ့..''
...............
တဖြည်းဖြည်းနဲ့ ​လှောင်အိမ်ထဲကငှက်လိုမျိုး..စွဲ..သူ့နားမှာနေသားကျလာခဲ့သည်.......

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now