End

1.5K 80 2
                                    

'မာမီ.....မာမီ.....ထတော့လေ....''

လိုတရ..ရင်ဘတ်မှာတစ်ယောက်ယောက်ဖိထားသလိုခံစားရလို့မျက်လုံးဖွင့်ကြည့်လိုက်တော့သားကရင်ဘတ်ပေါ်တက်ထိုင်ကာ..လိုတရရဲ့မျက်နှာကိုရိုက်ကာနှိုးနေ၏

''ဟာ..သား.....''

''မာမီထတော့....သားဗိုက်ဆာနေပြီ''

လိုတရ..သားကိုပွေ့ကာအိပ်ယာကထလိုက်သည်

''သားမေမေကိုပြောရောပေါ့...''

''မေမေကမာမီနိုးမှတူတူစားရမယ်တဲ့....''

''ဒါဆိုသားကဗိုက်ဆာလို့မာမီ့ကိုလာနှိုးတာပေါ့''

''ဟီး''.

သွားလေးတွေဖြဲကာမျက်နှာချိုသွေးနေတဲ့အကောင်ငယ်လေးဟာလိုတရရဲ့ရင်ကိုနွေးစေတဲ့ဒုတိယမြောက်အပြုံးပိုင်ရှင်လေးပါဘဲ.

''မာမီမျက်နှာသစ်ပြီးရင်ဆင်းလာခဲ့မယ်နော်...ဟုတ်ပြီလား''

''ဟုတ်ဟုတ်''

သားကခေါင်းလေးညိမ့်ကာပြောတော့လိုတရချီထားရာကနေကြမ်းပေါ်ချပေးလိုက်သည်..

''ဖြေးဖြေးသွားအုံးနော်သား''

ခြေထောက်ကဒဏ်ရာကပျောက်သွားပေမဲ့အကင်းမသေသေးမှာကိုစိတ်ပူတာကြောင့်လှမ်းပြောလိုက်မိသည်

သားအောက်ထပ်ကိုပြန်ဆင်းသွားမှဘဲလိုတရလည်းရေချိုးခန်းထဲဝင်ကာရေချိုးလိုက်သည်..
အဝတ်စားလဲပြီးအောက်ထပ်ကိုဆင်းလာချိန်မှာတော့မနက်စာစားပွဲဟာအသင့်ဖြစ်နေလေပြီ

''ဘဲဉရောထည့်မှာလားသား''

''ဟုတ်...ထည့်မယ်မေမေ''

သားတွက်နန်းကြီးသုပ်နယ်မှာမို့ထည့်ချင်တာလေးတွေကိုမေးနေတုန်းမှာဘဲစားပွဲမှာဝင်ထိုင်လာတဲ့သူ့ကြောင့်..စွဲ.နန်းကြီးသုပ်ကိုခပ်သွက်သွက်နယ်ကာသားရှေ့ချပေးလိုက်ပြီး..

''ပေါင်မုန့်ကထောပတ်သုတ်မလား''

''နန်းကြီးသုပ်ဘဲပေး''

စွဲကိုမကြည့်ဘဲနန်းကြီးသုပ်ကိုပလုတ်ပလောင်းစားနေတဲ့သားကိုကြည့်ကာပြောလာတဲ့သူ့ကြောင့်မှင်သက်သွားရသည်
တချိန်ကသူဘဲနန်းကြီးသုပ်မကြိုက်ဘူးဆိုပြီးပြောခဲ့တာလေ...

You've reached the end of published parts.

⏰ Last updated: May 24 ⏰

Add this story to your Library to get notified about new parts!

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now