Ep-7

539 33 0
                                    

''အမှုတွက်စုံစမ်းနေတာဘယ်လိုရှိလဲမိုဘီ''

''အခုထိတော့သက်သေတွေစုနေတုန်းပါဘဲမမလေး''

''အင်း..ပိပိရိရိဆက်လုပ်ထား.....''

''ဟုတ်ကဲ့ပါ''

လိုတရအနေနဲ့မဆိုင်တဲ့သူကိုဆွဲမထည့်တော့ဘဲဒီကိစ္စတွေကိုနောက်ကွယ်ကနေဘဲသိုသိုသိပ်သိပ်ဖြေရှင်းသွားဖို့နည်းလမ်းပြောင်းလိုက်သည်..

''အဓိကကတော့..သူတို့ရဲ့ငွေမည်းတွေကိုဘယ်နေရာကနေငွေဖြူပြန်ပြောင်းလဲဆိုတာဘဲ...အဲ့အချက်ကိုသာသိရင်ငါတို့နိုင်ကွက်ပေါ်ပြီ''

မူးယစ်ဆေးလုပ်ငန်းကရသောဒေါ်လာသန်းပေါင်းများစွာကိုဉီးမင်းထင်တို့သားဖမည်ကဲ့သို့ငွေဖြူလုပ်နေကြပါသနည်း...

''မိုဘီပါရောက်နေတာလား.....''

ဧည့်ခန်းထဲဝင်လာသောစွဲကိုမြင်တာနဲ့မိုဘီကမတ်တပ်ရပ်ကာအရိုအသေပေး၏

''တစ်ခါထဲထမင်းစားသွားနော်...ဒီနေ့မင်းတို့မမလေးအကြိုက်ငါးသနပ်ဟင်းလေးချက်ထားတယ်''

''နေပါစေတော့အန်တီ...ကျွန်တော်..''

''စားသွား''

ဒါကလိုတရရဲ့အမိန့်သံ......

''ဟုတ်..ဟုတ်ကဲ့...''

စွဲကလိုတရရဲ့လက်မောင်းကိုဆွဲကာ

''ထမင်းစားရအောင်... အဖွားစောင့်နေပြီ''

''ကောင်းပါပြီဗျာ...''

ရုတ်တရက်ကြီး နူးညံ့ချိုသာသွားသောသူ့မမလေးကိုမယုံနိုင်သူကတော့မိုဘီဖြစ်လေသည်....

''ဘုရားရှိခိုးတာဘာလို့ဒီလောက်တောင်ကြာရလဲကွာ''

ဘုရားခန်းထဲကနေတဘတ်အညိုရောင်လေးခြုံကာထွက်လာသောစွဲမှာအခန်းဝတွင်လက်နှစ်ဖက်ပိုက်ကာစောင့်နေသောလိုတရကိုမြင်တာနဲ့ပြုံးမိတော့သည်

''ကုသိုလ်လုပ်တာဘဲမောင်ကလည်း''

''ပြောပြန်ရင်လည်းမောင်ဘဲအကုသိုလ်ဖြစ်အုံးမယ်...တစ်နေကုန်အလုပ်သွားနေရလို့ညဘက်လေးဘဲမိန်းမနားကပ်ရတာကိုကွာ...''

''တကယ်ထဲမှဘဲ...မောင်တို့အဖြစ်သည်းလိုက်တာ''

စွဲကအိပ်ခန်းထဲရောက်တာနဲ့ခြုံထားသောတဘတ်ကိုသေချာပြန်ခေါက်ကာဗီရိုအံဆွဲထဲထည့်၏..
ပြီးနောက်မှန်တင်ခုံရှေ့ထိုင်ကာထုံးဖွဲ့ထားသောဆံနွယ်များကိုဖြေချကာသပ်ရပ်သွားအောင်ဖြီးလိုက်သည်....

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now