Ep-10

681 49 2
                                    

ဘန်ကောက်ကဆေးရုံမှာဆရာဝန်နဲ့တွေ့ဖို့စောင့်နေခိုက်လိုတရမှာစိတ်လှုပ်ရှားလွန်း၍လက်ဖျားတွေပင်အေးစက်နေ၏

''စိတ်ကိုအေးအေးထားနော်မောင်......ဘာမှမဖြစ်ဘူး..''

''မောင်တို့သေချာလေးဂရုစိုက်နိုင်မှာပါနော်မိန်းမ''

''ဂရုစိုက်နိုင်မှာပေါ့......''

စွဲကလိုတရရဲ့လက်ဖဝါးတွေကိုဆုပ်ကိုင်ရင်း

''မောင့်ကိုကျွန်မယုံတယ်....မောင်ကအိမ်ထောင်ဉီးစီးကောင်းတစ်ယောက်....ပြီးတော့မိဘကောင်းတစ်ယောက်လည်းဖြစ်လာမှာ......''

''ကျေးဇူးပါမိန်းမရယ်....မောင်စိတ်တွေအရမ်းလှုပ်ရှားနေတာ''

ထိုအခိုက်မှာဘဲစွဲတို့အလှည့်ရောက်လာတာကြောင့်ဆရာဝန်နဲ့တွေ့ဖို့ဝင်ခဲ့ကြသည်.

''သမီးတို့ကမြန်မာနိုင်ငံကနော်''

ဆရာဝန်မကြီးရဲ့ပီသလွန်းတဲ့ဗမာစကားသံကြောင့်စွဲတို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်မိသွားသည်

''ဆရာမကထိုင်းမြန်မာကပြားပါ......''

''ဟုတ်ကဲ့......''

''same sexတွေကအရင်ကတော့ကလေးယူတာနဲပေမဲ့လို့အခုနောက်ပိုင်းတော့ဆေးပညာအကူအညီနဲ့သာမန်စုံတွဲတွေလိုဘဲမိသားစုဘဝကိုပိုင်ဆိုင်လာကြပါပြီ''

ဆရာဝန်မကြီးကသူတို့ကိုကြည့်ကာ

''သမီးတို့နှစ်ယောက်ထဲကဘယ်သူကိုယ်ဝန်ဆောင်မှာလဲ''

''ကျွန်မပါ''

''ဟုတ်ပြီ...ဒါဆို...မိခင်လောင်းအနေနဲ့သမီးကိုလိုအပ်တဲ့ဆေးစစ်တာတွေလုပ်ရမယ်.....''

''ဟုတ်ကဲ့''

''ဒီဘက်ကသမီးကတော့မျိုးဉတွက်ဆေးစစ်ရမယ်...''

မောင်ကစွဲရဲ့လက်ကိုဆုပ်ကိုင်ကာနူးညံ့လွန်းတဲ့အပြုံးကိုပြုံးပြ၏.....

A few days later

''မောင်တို့ရဲ့သက်ရှိလေး''

မော်နီတာမှာပေါ်နေတဲ့အဖြူစက်လေးကိုကြည့်ကာမောင်ကစွဲနားကပ်ပြီးခပ်တိုးတိုးပြော၏..

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now