Ep-2

930 71 7
                                    

'ဗုန်း''

ကားရပ်တာနဲ့အတင်းလူကိုကားပေါ်ကဆွဲချသောလိုတရကြောင့်စွဲခမျာပုံရက်သားကျသွားတော့သည်

''လိုတရ....''

''အပိုတွေလုပ်မနေဘဲထလာခဲ့''

နောက်ကိုတစ်စက်လေးတောင်လှည့်မကြည့်ဘဲအိမ်ထဲဝင်သွားသောသူ....
စွဲမှာတော့ထော့နဲ့ထော့နဲ့ဖြင့်မနည်းကြိုးစားကာလျောက်ဝင်လာရသည်...

''အန်တီ့ကိုထိုင်ခွင့်ပြုမိလို့လား....''

သူ့စကားကြောင့်ထိုင်ဖို့ပြင်နေတဲ့စွဲမှာကြောင်အသွားရသည်....

''အန်တီကဒီနေ့ဒီချိန်ကစပြီးကျွန်မရဲ့အလုပ်သမားဖြစ်ပြီ...အလုပ်သမားနဲ့အလုပ်ရှင်တစ်တန်းထဲ
ထိုင်လို့မကောင်းဘူးလေနော်........ဟုတ်တယ်မလားအန်တီ''

''အဲ့တော့ငါဘယ်မှာထိုင်ရမလဲလိုတရ''

''အန်တီနဲ့တန်တာကကြမ်းပြင်ပေါ့....'

စွဲ..အံကိုတင်းတင်းကျိတ်လိုက်ပြီး

''ဘာကြောင့်လဲလိုတရ....ဘာအတွက်ကြောင့်နဲ့များမင်းငါ့ကိုဒီလိုတွေလုပ်နေရတာလဲ...ငါနဲ့မင်းကြားဘာအငြိုးတွေများရှိခဲ့လို့လဲ''

''ဟားဟား...မေးမှမေးပါ့မလားလို့အန်တီရယ်......''

လိုတရ....နံရံပေါ်ကဓာတ်ပုံကြီးကိုလက်ညိုးထိုးပြလိုက်ပြီး

''သေချာကြည့်လိုက်ပါအုံး...ဘယ်သူတွေလဲဆိုတာ''
လိုတရလက်ညိုးထိုးပြတဲ့ဓာတ်ပုံကိုကြည့်လိုက်ချိန်မှာစွဲ..လိပ်ပြာလွင့်သွားသလိုခံစားလိုက်ရသည်....

''လင်းအရုဏ်နဲ့..ဖြူစင်ဝေ.''

''ဟုတ်တာပေါ့... အန်တီကမှတ်မိနေသေးတာဘဲ...ဒါဆို..အဲ့ဒီလူ​တွေအပေါ်အန်တီတို့မိသားစုဘယ်လိုယုတ်မာခဲ့လဲဆိုတာကိုပါမှတ်မိမယ်ထင်ပါတယ်''

''ငါဘာမှမလုပ်ခဲ့ဘူးလိုတရ.....အရုဏ်နဲ့​ဖြူလေး
ကသူ့တို့ဘာသာသေတာ...ငါနဲ့မဆိုင်ဘူး..''.

''သေချာတာပေါ့...အန်တီနဲ့ဘယ်ဆိုင်မလဲ..သတ်ခဲ့တာကအန်တီ့အဖေနဲ့အကိုလေ....''

လိုတရ......ထိုမိန်းမရဲ့ပခုံးနှစ်ဖက်ကိုခပ်ကြမ်းကြမ်းဆုပ်ကိုင်လိုက်ပြီး

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now