Ep-8

526 34 0
                                    

'''သူကဘယ်သူလဲမိန်းမ''

ကုမ္ပဏီကပြန်လာသော လိုတရကစွဲနောက်မှာရပ်နေသောထားညိုကိုကြည့်ကာမေး၏

''ကျွန်မတို့အိမ်ကအဒေါ်ကြီးရဲ့သမီးပါ...အဒေါ်ကြီးဆုံးတော့ဖေဖေ့တို့အိမ်မှာကယောကျာ်းသားတွေချည်းဘဲရှိတာနဲ့မသင့်တော်လို့ဒီမှာခေါ်ထားမလို့ပါ''

''အင်း...မိန်းမသဘောဘဲလေ...မောင်အခုဗိုက်ဆာနေလို့တစ်ခုခုကျွေးပါအုံး''

''မောင်ကတော့လေ..ဖြစ်ရမယ်...ရေအရင်ချိုးပါအုံး..''

''ဟုတ်...''

အပေါ်ထပ်ကိုတက်သွားသောလိုတရကိုကြည့်ကာထားညိုရဲ့နားထဲဝယ်...ဉီးလေးသူရိန်မှာလိုက်သောစကားများကိုပြန်ကြားယောင်နေမိသည်

''ဘယ်လိုနေနေအဲ့ဟာမကိုဟိုးအောက်ဆုံးထိရောက်အောင်ရိုက်ချပစ်ရမှာမို့နင်ကသူ့ရဲ့အတွင်းသတင်းမှန်သမျှကိုရအောင်လုပ်ပြီးငါ့ဆီသတင်းပေး''

မိမိကိုကျွေးမွေးခဲ့သောကျေးဇူးရှင်များတွက်ထားညိုကြိုးစားရပေအုံးမည်.

''ထားညို..ဘာတွေတွေးနေတာလဲ ''

''ရှင်..မမ''

''လာ...ထားညိုနေရမဲ့အခန်းပြပေးမယ်''

''ဟုတ်''

''အဖွားနဲ့ကခဏနေရင်မိတ်ဆက်ပေးမယ်နော်''

''ဟုတ်ကဲ့မမ''

ထားညိုကိုနေရာချပေးပြီးနောက်စွဲအပေါ်ထပ်ကိုပြန်တက်လာခဲ့သော်မောင်ကရေချိုးခန်းမှ bathrode
ဖြင့်ထွက်လာလေသည်

''အဝတ်အစားထုတ်ပေးပါအုံးမိန်းမ''

''မောင်တစ်ယောက်ဟာလေ..ဘယ်တော့မှသူ့ကိစ္စသူမလုပ်ဘူး''

လိုတရကစွဲရဲ့ခါးကိုအနောက်ကနေဖက်ကာပခုံးပေါ်မေးတင်ရင်း

''ဟိုတစ်ခုတော့မောင့်ဘာသာလုပ်ပါတယ်ကွာ''

''မောင့်......''

ဗီရိုကရှပ်အင်္ကျီတစ်ထည်နဲ့ဘောင်းဘီရှည်တစ်ထည်ထုတ်ကာ

''ရော့..ဝတ်ပြီးမြန်မြန်ဆင်းလာခဲ့...''

''ဟုတ်ကဲ့ပါ...ဟောဒီကမောင့်အိမ်ရှင်မကြီးသဘောတိုင်းပါ''

ပြောင်စပ်စပ်လုပ်နေသူကိုမျက်စောင်းတစ်ချက်ထိုးကာစွဲအောက်ထပ်ကိုပြန်ဆင်းလာခဲ့သည်...

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now