Ep-12

969 55 6
                                    

''တော်ပြီလားသား''

''ဟုတ်...''

စွဲကသားကိုခွံ့နေသောကြက်ပြုတ်ပန်းကန်ကိုစားပွဲပေါ်တင်လိုက်ကာသားတွက်သောက်ရမဲ့ဆေးတွေကိုထုတ်ကာသားလက်ထဲထည့်ပေးလိုက်သည်
ဆေးသောက်ပြီးနောက်သားကအိပ်ချင်သည်ဆိုသောကြောင့်အိပ်ချလို့ရအောင်ခုတင်ကိုမတ်ထားရာကပြန်လှဲချပေးလိုက်သည်

စွဲ...အိပ်မောကျနေတဲ့သားရဲ့မျက်နှာလေးကိုငေးရင်းသားရဲ့မာမီနဲ့ဆုံတွေ့ခဲ့ရပုံများကိုပြန်သိရနေမိ၏....

လွန်ခဲ့သော၁၅နှစ်ခန့်က

For you.

အနီရောင်ကတ်ပြားလေး၌အနက်ရောင်မှင်ဖြင့်ရေးသားထားသောစာလုံးလေးများကို..စွဲမမှိန်မသုန်ကြည့်နေမိသည်....

ဒီကတ်လေးတွေပါသောနေကြာပန်းစည်းများသည်စွဲထံနေ့စဉ်မှန်မှန်ရောက်လာတတ်၏...
စပိန်နိုင်ငံခြားဘာသာသင်တက္ကသိုလ်၌ဧည့်မြန်မာဘာသာကထိကအဖြစ်အမှုထမ်းနေသောစွဲမှာကျောင်းစာနဲ့တပည့်တွေအကြောင်းကလွဲ၍တခြားဘာအာရုံမျှမထားနိုင်သော်လည်းထိုပန်းစည်းများပို့ပေးသူကိုသိလိုလှသည်......

ပန်းစည်းများကစွဲအိမ်မှာမရှိသောအချိန်တွင်ရောက်လာတတ်ပြီး....ပို့ပေးသူနဲ့တစ်ခါမှကြုံကြိုက်လို့ပင်မဆုံဖူးသေးချေ...

''တို့အပျိုကြီးတော့စွံခါနီးပြီဟေ့''

အခန်းအတူငှားနေသောမသဲဇာကနောက်လျှင်စွဲသည်မနေနိုင်မထိုင်နိုင်ပန်းစည်းပို့သူကိုစိတ်ဆိုးမိတော့သည်..

''ဘယ်သူလဲမခန့်မှန်းမိဘူးလားစွဲ''

''ဟင်အင်း....''

ခန့်မှန်းမိရလောက်အောင်လဲစွဲကကျောင်းမှာပေါ်ပြူလာဖြစ်သူမဟုတ်.....ကျောင်းနဲ့တိုက်ခန်းကိုသာကူးချည်သန်းချည်လုပ်နေသောကြောင့်အသိမိတ်ဆွေကလည်းနည်းလှသည်

''တစ်နေ့တော့မိအောင်ဖမ်းရမယ်''

ပန်းစည်းလေးကိုစိုက်ကြည့်ရင်းစွဲရေရွတ်လိုက်သည်

......................................................................

''ဟင်''

စာကြည့်တိုက်တွင်စာအုပ်ငှားပြီးပြန်လာသောစွဲမှာတိုက်ခန်းရှေ့ရပ်နေသူကြောင့်ကြောင်အသွားရသည်

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now