Ep-9

714 38 0
                                    

''ဖေဖေ''

စွဲ အိမ်ကိုရောက်သွားချိန်ဖေဖေ့ကိုမိသားစုဆရာဝန်အန်ကယ်ထွန်းကသွေးပေါင်ချိန်နေ၏

''သွေးပြန်တိုးနေလို့သမီးရေ....သမီးအိမ်မှာမရှိတာနဲ့သမီးအဖေကအရက်တွေခိုးသောက်နေတာ''

''ဟုတ်လားဖေဖေ.....အဲ့အရက်ပုလင်းတွေပစ်လိုက်ပါဆိုတာကို.....''

''တစ်ခွက်နှစ်ခွက်ပါသမီးရယ်.....ဟိုကောင်သူရိန်ကလည်းဒီရက်ပိုင်းအိမ်ကပ်တယ်ကိုမရှိတော့အပျင်းပြေသောက်တာပါ''

''ကိုကြီးကဘာအလုပ်တွေဒီလောက်တောင်ရှုပ်နေလို့အိမ်တောင်ပြန်မလာနိုင်ဖြစ်နေရတာလဲ...''

ဉီးမင်းထင်ကဉီးထွန်းသစ်ဘက်လှည့်ကာ

''အဲ့တာသာကြည့်တော့ကိုထွန်းရေ...ခင်ဗျားတူမကအိမ်ထောင်သာကျသွားတာအဖေနဲ့အကိုပေါ်ဆိုးချင်တုန်း''

''ဖေဖေနော်........''

စွဲကဖေဖေတို့နဲ့စကားပြောနေရင်းမှလက်ထဲကချိုင့်ကိုသတိရကာ

''ဖေဖေ့တွက်စွဲဟင်းတွေချက်လာတယ်....ဖေဖေစားမယ်ဆိုပြင်လိုက်တော့မယ်လေ....အန်ကယ်ထွန်းပါတစ်ခါထဲဝင်စားသွားပါလား''

''နေပါစေတော့တူမကြီးရေ....ဉီးလေးကအပြန်ဆေးခန်းထိုင်ရအုံးမှာ.......နင့်အဖေကိုသာသေချာဂရုစိုက်လိုက်''

''ဟုတ်......''

အန်ကယ်ထွန်းပြန်သွားပြီးနောက်စွဲနဲ့ဖေဖေနှစ်ယောက်ထဲကျန်ခဲ့ရာဧည့်ခန်းသည်တိတ်ဆိတ်သွားပြန်သည်.....

တခြားသူတွေအတွက်ဖေဖေဟာဘယ်လိုလူမျိုးဖြစ်ခဲ့ပါစေ....စွဲတွက်တော့ဖေဖေဟာသူရဲကောင်းကြီးဖြစ်သည်........မေမေကစွဲကိုမွေးပြီးချင်းမီးတွင်းထဲမှာဆုံးခဲ့တာကြောင့်ဖေဖေကဘဲစွဲတို့မောင်နှမကိုတစ်ကိုယ်တည်းပြုစုစောင့်ရှောက်ခဲ့ရတာဖြစ်သည်

''အဖေ့ကိုဘာတွေဒီလောက်တောင်ကြည့်နေတာလဲသမီး.....တစ်ခုခုပြောစရာရှိလို့လား''

''ဟင်အင်း.......မရှိပါဘူးဖေဖေ.......ဖေဖေထမင်းဆာပြီလား သမီးထမင်းခူးလိုက်တော့မယ်''

''အေးအေး..စားကြတာပေါ့.....''

လပေါင်းများစွာဝေးကွာနေခဲ့သောထမင်းစားပွဲမှာသားဖနှစ်ယောက်မျက်နှာချင်းပြန်ဆိုင်မိကြသည်

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now