Chapter 2

398 46 1
                                    

လက်ထောက်လီလီသည် စကားမပြောဘဲ ဖုန်းကို
အချိန်ကြာကြီး စိုက်ကြည့်နေတဲ့ ရွမ်ကျင်းဟုန်ကိုမြင်ပြီး ဖုန်းကိုကြည့်လိုက်ကာ ချက်ချင်းသဘောပေါက်သွားခဲ့သည်

" အမရွမ် အင်တာနက်သုံးစွဲသူတွေက ဦးနှောက်မပါဘူး အဲ့ဒါကိုမကြည့်နဲ့ သူတို့ကဒေါသထွက်ဖို့မထိုက်တန်ဘူး "

" ငါစိတ်မဆိုးပါဘူး ငါ့ကိုပလပ်စတစ်ဆာဂျရီလုပ်ထားတယ်လို့ ပြောတာက ငါ့ရဲ့ရုပ်ရည်ကိုချောတယ်လို့ ချီးကျူးတာပဲ ၊ ငါကမွေးကတည်းကရုပ်ချောတယ်လေ။သူတို့ကမုချင်းကို အကြံအစည်များတဲ့မိန်းမဆိုပြီး ပြောနေတာက ငါသရုပ်ဆောင်တာကို ချီးမွန်းနေကြတာပဲလေ"

လက်ထောက်လီလီက ရွမ်ကျင်းဟုန်လုံးဝဒေါသမထွက်တာကို တွေ့လိုက်ကတော့ စိတ်သက်သာရာရသွားကာ
"ဟုတ်ပါပြီ အမကရုပ်ချောတယ်အမမှန်ပါတယ်"

ထိုအချိန်တွင် ရှေ့ကလူအုပ်ကြီးက ရုတ်တရက်ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး တစ်ယောက်ပြီးတစ်ယောက်အော်ဟစ်သံတွေကိုကြားနေကတယ် ။မူလကအနောက်ကနေသာရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာတွေက အခုချိန်မှာတော့ သူတို့ရဲ့ကင်မရာကို ကိုင်ကာ အရှေ့သို့ပြေးလွားနေကြသည် ။

' ဘယ်သူလာတာလဲ '
ရွမ်ကျင်းဟုန် ရှေ့သို့စူးစိုက်ကြည့်ရင်း ရှင်းလင်းစွာမမြင်ကသေးခင်မှာတင် လီလီက သူမရဲ့လက်ကို ဆုပ်ကိုင်ပြီး အရမ်းစိတ်လှုပ်ရှားနေကာ
" Ahh~ ဝမ်ကျင်း ...ဝမ်ကျင်း လာပြီ "

ရွမ်ကျင်းဟုန်က လီလီကို တိတ်တဆိတ်ကြည့်လိုက်သည်
' နင်ကငါ့ရဲ့လက်ထောက်မဟုတ်ဘူးလား !! '

လီလီသည် စိတ်လှုပ်ရှားစွာ တုန်လှုပ်နေသောလက်များကို ကိုင်ကာ
" အမရွမ် စိတ်မကောင်းပါဘူး ဒါပေမယ့်
ဝမ်ကျင်းက ရှေ့မှာလေ "

' ကျေးဇူး~ငါ့မှာမျက်လုံးရှိတယ်လေ ငါမြင်တယ်'

ရွမ်ကျင်းဟုန် ဘေးသို့ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သည်။ သူမက ကင်မရာများဖြင့်အင်တာဗျူးနေသော ဝမ်ကျင်းကိုမြင်ရသည်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now