Chapter 13

270 43 1
                                    

ရွမ်ကျင်းဟုန်အိမ်ပြန်ရောက်သောအခါ ပထမဆုံးလုပ်သည်မှာဝမ်ကျင်း ထံမှ ငှားထားသော အဝတ်တစ်ထည်လုံးကို ချွတ်ပစ်လိုက်ခြင်းဖြစ်သည်။

မနေ့ညက သူမအဝတ်အစားတွေ လျှော်ဖွပ်ပြီး မနက်မိုးလင်းတော့ ရေစိုအဝတ်အစားနဲ့ အပြင်မထွက်နိုင်တဲ့အတွက် ဝမ်ကျင်းဆီက အဝတ်တစ်ထည် ငှားခဲ့ရတယ်

အဝတ်အစားရဲ့ပုံစံက အလွန်ရိုးရှင်းပြီး ၎င်းတွင်အမှတ်တံဆိပ်မပါရှိသော်လည်း ဝမ်ကျင်းရဲ့ဗီရိုတွင်ရှိနေသည့်အဝတ်များသည် သဘာဝအားဖြင့် သာမန်မဟုတ်ကြောင်း သူမ နားလည်သည်လျစ်လျူမရှုဝံ့ဘဲ အဝတ်အစားကို အိတ်ထဲသို့ ဂရုတစိုက်ခေါက်ထည့်ကာ နောက်မှ သန့်ရှင်းရေးအတွက် အထူးအ၀တ်လျှော်ဆိုင်သို့ ယူသွားရန် စီစဉ်လိုက်သည်

နောက်တစ်ဆင့်ကတော့ မနေ့ညက လျှော်ဖွပ်ထားတဲ့ အဝတ်အစားတွေကို ထုတ်ယူပြီး အခြောက်ခံဖို့ပဲ

'ဟင်!!! မနက်က ပြန်လာတုန်းက အိတ်ထဲမှာ ထည့်လာတဲ့ အဝတ်အစားကော ?? '

ရွမ်ကျင်းဟုန်ကအခန်းထဲမှာ အကြာကြီး လိုက်ရှာသော်လည်း ဘာမှမတွေ့။သူမ သတိရသွားကာ နဖူးကို ပြန်ရိုက်လိုက်သည်

'ဝမ်လောင်ရှီးရဲ့ကားထဲမှာမေ့ကျန်ခဲ့တာဖြစ်မယ်'

ရွမ်ကျင်းဟုန်က ဖုန်းကို ထုတ်လိုက်ပြီး အသစ်ထည့်ထားတဲ့ဝမ်ကျင်းရဲ့ဖုန်းနံပါတ်ကို ရှာလိုက်သည် ။ စာတိုတစ်စောင်ပေးပို့လိုက်
တယ် - ဝမ်လောင်ရှီး ရဲ့အဝတ်အစားတွေကို Villa ဒါမှမဟုတ် တခြားတစ်နေရာကို ပို့ပေးကမှာလား

ကျန်ခဲ့တဲ့ သူမအဝတ်အစားများအကြောင်းကို မပြောလိုက်ပေ။ အဲဒါတွေက ရိုးရိုးရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီဖြစ်ပြီး သိပ်တန်ဖိုးမကြီးတဲ့အတွက် ဝမ်လောင်ရှီးကိုဒုက္ခမပေးတော့ဘူး။ အချိန်အတော်ကြာ ဝတ်ဆင်ခဲ့ပြီးနောက် သူမက ၎င်းတို့နှင့်ခွဲခွာရန် အနည်းငယ် ဝန်လေးနေသလို ခံစားရသည်

ရွမ်ကျင်းဟုန်က စာတိုတစ်စောင် ပေးပို့ခဲ့သော်လည်း ဝမ်ကျင်း ချက်ချင်း အကြောင်းပြန်ဖို့မမျှော်လင့်ဘဲ အိမ်ကို သပ်ရပ်အောင် ပြုပြင်ခဲ့သည်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now