Chapter 5

340 49 0
                                    

ရွမ်ကျင်းဟုန် ဘွဲ့ရပြီးနောက် Penguinကိုအသုံးပြုခဲပြီး ဆရာဟောင်းများနှင့် အတန်းဖော်အချို့သာရှိတယ် ၊ J ကဲ့သို့ အပြင်မှာမတွေ့ဘူးသောလူကို ပထမဆုံးအကြိမ်အဖြစ်Penguinမှာ ထည့်သွင်းခြင်းဖြစ်သည်

ရွမ်ရွမ် - လွန်ခဲ့တဲ့ရက်တွေက အလုပ်နည်းနည်းရှုပ်နေလို့ အပ်ဒိတ်လုပ်ဖို့အချိန်မရှိခဲ့ဘူး၊ အဲ့တာကြောင့် ငါ့ကိုစိတ်မပူပါနဲ့

J - ဒါဒါ အဆင်ပြေတယ်ဆိုတော့ ဝမ်းသာပါတယ်၊ ဒါဒါရဲ့ ဝတ္ထုကိုမျှော်နေတာ (╥﹏╥)

ရွမ်ကျင်းဟုန်လည်း တစ်ဖက်လူရဲ့စကားပြောဆိုပုံကိုကြည့်ကာ J ကကျောင်းတက်နေဆဲ ဖြစ်မယ်လို့တွေးလိုက်သည်

ရွမ်ရွမ် - ငါ့ရဲ့အလုပ်ချိန်က ပုံမှန်မရှိလို့ အနာဂတ်မှာလဲ ဒီလိုမျိုးထပ်ဖြစ်နိုင်တယ်
အခန်းတစ်ခန်းကိုဖတ်ပြီးရင် မှတ်ချက်ချန်ထားလို့ရတယ်၊ အဲ့လိုဆိုငါအရမ်းပျော်မိမှာ ၊
အဲ့တာကြောင့် အနာဂတ်မှာ လက်ဆောင်တွေထပ်ပို့ပါနဲ့တော့ ~

သူမကကျောင်းသူဖြစ်တာကြောင့် မိဘတွေရဲ့ပိုက်ဆံကိုအလွန်အကျွံမသုံးစွဲသင့်ပေ J စိတ်မကောင်းဖြစ်သွားမှာဆိုးလို့ ရွမ်ကျင်းဟုန်လည်း နောက်ဆုံးစာကြောင်းကို ပြန်ဖျက်လိုက်သည်

J - ကောင်းပြီ ဒါဒါပြောတာကိုနားထောင်ပါမယ် ၊ ဒါဒါအခုအနားယူနေတာလား၊ ဗိုက်ဆာလို့ဆိုပြီးငိုနေသေးလား~

ငါကဘယ်တုန်းက ဗိုက်ဆာလို့ဆိုပြီးငိုလို့လဲ ?

ရွမ်ကျင်းဟုန်ရဲ့ ပါးပြင်တွေအနည်းငယ်နီရဲသွားခဲ့တယ်။ သူမလိုအရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်အတွက် ဗိုက်ဆာလို့ငိုတယ်ဆိုတာ အနည်းငယ်ရှက်စရာကောင်းပါတယ်

ရွမ်ရွမ် - အဲ့တာကအရင်တုန်းက စနှောက်နေတာပါ၊ ငါကအရမ်းသန်မာတဲ့ လူတစ်ယောက်ပါ

J - ဒါဒါက ကြင်ယာတော်လိုမျိုး သန်မာတာလား

ကြင်ယာတော်ဆိုတာက ယွမ်ကျင်းဟောင်ရေးတဲ့ဝတ္ထုထဲက ဇာတ်ကောင်ဖြစ်သည်။ သူမကအစပိုင်းမှာ နူးနူးညံ့ညံ့လေးဖြစ်ပေမယ့် သူမနဲ့ အကြီးဆုံးမင်းသမီးတို့က တိုက်ပွဲတွေကို အတူတကွတိုက်ခိုက်ခဲ့ကြပြီး တစ်ဖြည်းဖြည်းနဲ့ သန်မာလာခဲ့ပြီး နောက်ဆုံး အကြီးဆုံးမင်းသမီးရဲ့ ကျောထောက်နောက်ခံဖြစ်လာခဲ့သည်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now