Chapter 26

353 44 6
                                    

နောက်ဆုံးတော့ ကြက်သားခေါက်ဆွဲပြုတ်က ကျက်သွားတာကြောင့် ရွမ်ကျင်းဟုန်က ပန်းကန်လုံးထဲသို့ အနည်းငယ်ထည့်ကာ

" ဝမ်လောင်ရှီးအရင်ဆုံးမြည်းကြည့်မလား "

ဝမ်ကျင်းက မီးဖိုချောင်သုံးပစ္စည်းများကို သပ်သပ်ရပ်ရပ် ပြန်ထားနေပြီး သူမလက်မအားဘူးဟု ပြနေသည်

ရွမ်ကျင်းဟုန် အနည်းငယ်စိတ်ပျက်သွားပြီး ပန်းကန်ကိုဘေးဖယ်ထားလိုက်သော်လည်း
ဝမ်ကျင်းရဲ့ခေါင်းက သူမနားသို့တစ်ဖြည်းဖြည်းကပ်လာပြီး ပါးစပ်ကိုဟလိုက်ကာ

"Ah~~"

မ် ?

ရွမ်ကျင်းဟုန် ခဏလောက် ထိတ်လန့်သွားသော်လည်း ဝမ်ကျင်းရဲ့ တိုက်တွန်းနေတဲ့ အကြည့်ကြောင့် တူဖြင့်ခေါက်ဆွဲကိုယူကာ
ဝမ်ကျင်း ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်

ဝမ်ကျင်းက ခေါက်ဆွဲကို စားလိုက်ပြီး သူမရဲ့နှုတ်ခမ်းဖျားကို လျှာဖြင့်သပ်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်

"အရမ်းအရသာရှိတယ်"

ချီးကျူးခံရတာကြောင့် ရွမ်ကျင်းဟုန်က အလွန်ပျော်ရွှင်သွားသော်လည်း သူမရှေ့က ဝမ်ကျင်းရဲ့မြေခွေးလို အပြုံးကြောင့် အနည်းငယ်ရှက်သွားတယ်

'ခေါက်ဆွဲစားတာလေးပဲလား... ဘာလို့အဲ့လောက်ဆွဲဆောင်မှုရှိနေကတာလဲ '

ရွမ်ကျင်းဟုန်လည်း မြည်းစမ်းကြည့်ရန် ပြင်နေ
စဥ် မထင်မှတ်ဘဲ မီးဖိုချောင်သို့ ဧည့်သည်ရောက်လာတယ်

"Oh!! ဘာဟင်းချက်နေလို့ မွှေးနေတာလဲ "

ကျင်းဇီယိဖြစ်တယ်

ရွမ်ကျင်းဟုန် လွန်ခဲ့သော နာရီအနည်းငယ်က သူမရဲ့ အသင်းဖော်ဖြစ်လုနီးပါးရှိခဲ့သော မိန်းကလေးကို စူးစိုက်ကြည့်ကာ "ဘာလို့ဒီကိုရောက်နေတာလဲ၊ အလုပ်ပြီးအောင်ကူညီဖို့မလိုဘူးလား"

"ငါတို့ ဟင်းတွေ ပြီးသွားပြီ "

ကျင်းဇီယိက ရွမ်ကျင်းဟုန်ဆီ ပြေးသွားပြီး "ဒီပြိုင်ပွဲမှာ ပထမဆုရရင် ဒီညမှာ ထူးထူးခြားခြား အံ့သြစရာဆုတစ်ခု ရမယ်လို့ ပရိုဂရမ်အဖွဲ့က တိတ်တဆိတ်ပြောနေတာကို ကြားလိုက်ရတယ် "

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now