Chapter 10

292 46 6
                                    

ရှောင်ယွမ်ပြန်သွားပြီးနောက် ဧည့်ခန်းထဲမှာရွမ်ကျင်းဟုန်နဲ့ ဝမ်ကျင်းနှစ်ယောက်ထဲသာကျန်နေခဲ့တော့သည်

ဝမ်ကျင်း မဂ္ဂဇင်းတစ်စောင်ကို ဖတ်နေပြီးရွမ်ကျင်းဟုန်က ဆေးသောက်ပြီးနောက် အင်အားပြန်ပြည့်လာသည်ဟု ခံစားရတာကြောင့်

" ဝမ်လောင်ရှီး ငါအခုပိုကောင်းလာပါပြီ "

အဲ့တာကြောင့် ကိုယ့်ဘာသာကိုယ် အိမ်ပြန်နိုင်တယ် !!

ဝမ်ကျင်းက သူမလေးရဲ့အသံကြောင့် မော့ကြည့်လိုက်ကာ " မင်းနေကောင်းနေပြီမို့လို့ မင်းကိုယ်တိုင် ရေချိုးလို့ အဆင်ပြေတယ်မလား "

ပြသာနာရှိပါဘူးအယ်... ဘာလဲ ??

" ဝမ်လောင်ရှီး ဒုက္ခများနေပါမယ် "ရွမ်ကျင်းဟုန်က သေသေချာချာပြောလိုက်သည်

"မင်းပြန်သွားရင်း တစ်ခုခုဖြစ်မှ ငါ့ကိုဒုက္ခရောက်စေမှာ ဒါမှမဟုတ် လိုက်ပို့ပေးဖို့ ရှောင်ယွမ်ကို ပြန်ခေါ်မလား "

ရွမ်ကျင်းဟုန် :" ..."

ရွမ်ကျင်းဟုန်၏ ကြောင်ငေးနေခြင်းကို အ
ခွင့်ကောင်းယူကာ ဝမ်ကျင်းက ညအိပ်ဝတ်စုံကိုထုတ်ပေးလိုက်ပြီး " ရေချိုးခန်းက ဒုတိယထပ်ဘယ်ဘက်မှာရှိတဲ့ ပထမဆုံးအခန်းပဲ၊ရေချိုးဖို့ ငါ့ရဲ့အကူအညီမလိုဘူးမလား "

" မလိုဘူး မလိုဘူး " ရွမ်ကျင်းဟုန်က ခေါင်းကိုတဆတ်ဆတ်ခါယမ်းကာ ညအိပ်ဝတ်စုံကို အမြန်ဆွဲယူပြီး ဒုတိယထပ်သို့ ပြေးသွားခဲ့သည်

ဝမ်ကျင်းက ထိတ်လန့်တကြား ပြေးသွားတဲ့ရွမ်ကျင်းဟုန်ကို ကြည့်ကာရယ်မောလိုက်ပြီး
သူမလည်း ရေချိုးရန်အခြားခန်းသို့ သွားလိုက်သည်

ရွမ်ကျင်းဟုန်က ရေချိုးပြီးနောက် သူမရုတ်တရက်သတိရသွားသည်
'ဝမ်လောင်ရှီးက ငါ့ကိုဘယ်မှာနေမှာလဲဆိုတာပြောသေးဘူး '

ရွမ်ကျင်းဟုန် ဧည့်ခန်းထဲသို့လျှောက်လာခဲ့ပြီးဝမ်ကျင်းကစာအုပ်တစ်အုပ်ကိုဖတ်နေသည်
ဝမ်ကျင်းက ဆံပင်ရှည်များကိုချည်နှောင်ထားပြီး
အဖျားတွင် စိုစွတ်နေသေးကာ ငွေမှင်ရောင်ညအိပ်ဝတ်စုံကို ဝတ်ထားတာကြောင့် သူမရေချိုးပြီးပြီ ဖြစ်ကြောင်းပြသနေသည်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now