Chapter 6

311 44 5
                                    

ဝမ်ကျင်းရဲ့ အတွေးများပျောက်ကွယ်သွားပြီးနောက် ချီတုံချတုံမျက်နှာထားနှင့် ရှောင်ယွမ်ကိုတွေ့လိုက်ရသည်

" ငါ့ကို ဘာပြောစရာရှိနေလို့လဲ " ဝမ်ကျင်းရဲ့အသံမှာအေးစက်နေသည်

" ချင်းချင်းက Boss ရဲ့hot search နဲ့ပတ်သက်ပြီး မေးခိုင်းလိုက်တယ် "

ဝမ်ကျင်းက ရှောင်ယွမ်ကို ပဟေဌိဖြစ်နေတဲ့ အမူအရာနဲ့ ကြည့်ကာ ' hot search လို ကိစ္စသေးသေးလေးကို ငါ့ကိုပြန်မေးဖို့လိုလို့လား '

ရှောင်ယွမ်လဲ ချက်ချင်းနားလည်သွားကာ
ဖုန်းကိုဖွင့်လိုက်ပြီး " ဒီတစ်ခါအခြေအနေက နည်းနည်းမတူဘူး၊ boss အရင်ကြည့်လိုက်ပါဦး "

#wenjin's girlfriend jinghong ?
နှစ်တိုင်းဖြစ်နေကြ ကိစ္စတွေမဟုတ်ဘူးလားဘာထူးခြားနေလို့လဲ !!

" ဝမ်ချင်းကို ဖုန်းဆက်လိုက် ဒီလောက်အသေးအဖွဲ့ကိစ္စကို ငါ့ကိုပြန်ပြီးမေးနေကသေးတာလား၊ ငါ့ရဲ့မန်နေဂျာအလုပ်က သူ့အတွက်အရမ်းလွယ်နေတာလား "

ဝမ်ချင်းလည်း ရှောင်ယွမ်ဆီမှ ဖုန်းလက်ခံရရှိခဲ့ပြီးတာနဲ့ ချက်ချင်းပြေးလာခဲ့သည်

" အမရဲ့ အရှုပ်တော်ပုံတွေကို ငါတစ်မနက်လုံးကိုင်တွယ်နေတာပဲ၊ အဲ့တာက hot search ကနေ ဆယ်ပုံတစ်ပုံလောက်ပဲ ကျသွားတယ် " ဝမ်ချင်းက ကမန်းကတန်းပြောလိုက်သည်

ဝမ်ကျင်းနှုတ်ဆိတ်နေတာမြင်တော့ " ရှောင်ယွမ်က အမကိုမပြောဘူးလား ဒီကိစ္စကို ဘယ်ကုမ္ပဏီကမှ ရေတပ်ကို ငှားထားတာမဟုတ်ဘူး netizens တွေရဲ့ စိတ်အားထက်သန်မှုအစစ်အမှန်ကို ဖိနှိပ်ဖို့က မလွယ်ဘူး ^ အဲ့တာကြောင့် အမရဲ့ ထင်မြင်ချက်ကိုတောင်းချင်တာ "

" အခုလက်ရှိမှာ ငါတို့ကိုအပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေရှိလား "

" မရှိဘူးလို့ပြောလို့ရပေမယ့် အမရည်းစားရှိတယ်ဆိုတဲ့ ကောလဟာလတွေကို စိတ်မဆိုးဘူးလား!! "

ဝမ်ကျင်းက ပေါ့ပေါ့ပါးပါးတစ်ချက်ရီလိုက်ပြီးတော့ " ဖျော်ဖြေရေးလောကမှာ ဒီလိုအသေးအဖွဲ့တွေကြောင့် စိတ်ဆိုးတာက ပျော့ညံ့တဲ့ စိတ်ကိုပြလိုက်တာပဲ ၊ဒါအပြင် ငါကတစ်ယောက်တည်းနေသွားဖို့လဲ မစဥ်းစားထားပါဘူး အခုကချိန်းတွေ့ဖို့အချိန်မရှိသေးလို့ "

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now