Chapter 4

317 41 1
                                    

မနက် ၁နာရီ ညဇီးကွက်တွေလှုပ်ရှားနေတဲ့အချိန်မှာ #wenjin's girlfriend jinghong ဟာweiboမှာ အာရုံစိုက်ခံလာရပြီး သူ့ရဲ့ကျော်ကြားမှုလဲမြှင့်တက်လာခဲ့တယ်
အကြောင်းပြချက်မှာ Manfeng ပွဲ၏တိုက်ရိုက်ထုတ်လွှင့်မှု ဆွေးနွေးချက်postတွေနဲ့ ဝမ်ကျင်း
နှင့် ရွမ်ကျင်းဟုန်အကြောင်းကို ဆွေးနွေးထားတဲ့ ရာနဲ့ချီတဲ့ မှတ်ချက်တွေကြောင့်ဖြစ်တယ်။

အစပိုင်းမှာတော့ အင်တာနက်သုံးစွဲသူတွေကဒီလူသစ်လေးရဲ့အကြောင်းကို ရိုးရိုးရှင်းရှင်းသိချင်ကြပြီး သူမရဲ့ရုပ်ရည်ကြောင့်ထိတ်လန့်သွားကာ
တည်းဖြတ်ထားတဲ့ပုံတွေနဲ့ ဇာတ်လမ်းတွေရေးသားလာကြသည်။ ဒါကအင်တာနက်မှာအလွန်အသုံးများတဲ့အရာဖြစ်တယ်၊ ဝမ်ကျင်းနှင့် ရွမ်ကျင်းဟုန်ရဲ့ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်တာ ၊ လက်ကိုင်တာ ၊ 'jinghong ' အကုန်လုံးက ကံကြမ္မာကစီစဥ်ထားသလိုပဲ

အင်တာနက်သုံးစွဲသူတွေရဲ့ Cp ဝိညာဥ်များနှိုးထလာပြီး သူတို့နှစ်ဦးကြားမှာ ဇာတ်လမ်းအချို့ရှိရန်မျှော်လင့်လာကြသည်။

အင်တာနက်အသုံးပြုသူများက ' ထိတ်တန်းရုပ်ရှင်ဘုရင်မ၏ဇနီးငယ် ' 'ကောင်းကင်မှပြုတ်ကျလာသော ရုပ်ရှင်ဘုရင်မ၏ငယ်ရွယ်သော ချစ်သူ ' ' ပွင့်လင်းမြင်သာမှုရှိသော ဖျော်ဖြေရေးနယ်ပယ်မှ ချစ်ခြင်းမေတ္တာ' စသည်တို့ကို ဝတ္ထုတိုများ အဖြစ်ရေးသားလာကြသည်။

[ ဝမ်ကျင်းက Cpတွေကိုစိတ်မဝင်စားဘူးလို့ထင်ခဲ့တာ တစ်ကယ်တော့ ငါတို့က ကျား ၊ မ မှားနေခဲ့တာကို ]

[ queen wenက ပွဲဦးထွက်ကတည်းက စာပေရုပ်ရှင်တွေ ၊ မင်းသမီးတွေအများကြီးနဲ့လည်းရိုက်ကူးခဲ့ပြီး idol ရုပ်ရှင်တွေ romance ရုပ်ရှင်တွေ တစ်ခုမှမရိုက်ကူးဖူးဘူး ]

[ ဘာလို့ငြင်းခုန်နေသေးတာလဲ အလှအပကို အာရုံစိုက်တာပိုမကောင်းဘူးလား ၊ စကားမစပ် ရွမ်ကျင်းဟုန်လို ရတနာအဆင့်အလှလေးကို
ငါဘာလို့အရင်က ရှာမတွေ့ခဲ့ရတာလဲ!!]

[ ငါတို့ queen wenရဲ့ပင်ကိုယ်စရိုက်ကြောင့် သူမကလူအများရဲ့ ရှေ့မှာဒီလိုအပြုမူမျိုး အစပြုဖို့တောင် ခက်ခဲတယ်၊ သူတို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူးလို့ပြောရင် ငါယုံမှာမဟုတ်ဘူး ]

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now