Chapter 25

238 33 9
                                    

အဆုံးမှာတော့ ဝမ်ကျင်းကပဲ လက်လျှော့လိုက်တယ်၊ ပရိုဂရမ်အဖွဲ့မှပေးထားတဲ့ မြေပုံကို အိတ်ကပ်ထဲမှထုတ်ကာ ရွမ်ကျင်းဟုန်ကိုပေးလိုက်သည်

ရွမ်ကျင်းဟုန်က ရှေ့သို့တိုးလာပြီး မြေပုံကိုယူဖို့လက်လှမ်းလိုက်တယ်

ဝမ်ကျင်းက ထိုအခြေအနေကို အခွင့်ကောင်းယူကာ မြေပုံကိုပေးလိုက်ပြီး ရွမ်ကျင်းဟုန်ရဲ့လက်တွင်ဆွဲထားသောအိတ်တွေကိုယူလိုက်သည်

ရွမ်ကျင်းဟုန်က မြေပုံကို ရလိုက်သောအခါ သူမလက်ထဲတွင် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး ကြည့်လိုက်သောအခါ ကြက်မနှင့် ဟင်းခတ်အမွှေးအကြိုင်၊ခေါက်ဆွဲခြောက်များပါသည့် အိတ်က ဝမ်ကျင်း ရဲ့လက်ထဲတွင် ရှိနေလေသည်

"ဝမ်လောင်ရှီး ငါသယ်သွားလို့ရပါတယ်"

ရွမ်ကျင်းဟုန် ထိုအရာများ မည်မျှလေးလံသည်ကို သိတာကြောင့် ဝမ်ကျင်း ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ပေ

"မြေပုံကိုကြည့်ဖို့ အာရုံစိုက်၊ လမ်းမမှားစေ နဲ့ အလုပ်ကိုနှောင့်နှေးစေတယ် "

ဝမ်ကျင်းက ရွမ်ကျင်းဟုန်ရဲ့ အဆိုပြုချက်ကို မကြားချင်ယောင်ဆောင်ကာ အထုတ်တွေကို လက်တစ်ဖက်တည်းဖြင့်ကိုင်လိုက်ပြီး အခြားတစ်ဖက်ဖြင့် ရွမ်ကျင်းဟုန်ရဲ့လက်ကိုကိုင်လိုက်ကာ
"ဒါကအရမ်းလေးတယ် ငါ့ကိုကိုင်ထား"

ရွမ်ကျင်းဟုန် : "..."

ရွမ်ကျင်းဟုန် က အိတ်ကိုယူဖို့ လှမ်းလိုက်ပေမယ့် ဝမ်ကျင်းက လွယ်လွယ်နဲ့ ရှောင်ထွက်သွားတယ်၊ တစ်ဖြည်းဖြည်းနဲ့ နှစ်ယောက်ကြားအကွာအဝေးသည် ပိုမိုနီးကပ်လာသည်

ရှုထောင့်ကြောင့် ရွမ်ကျင်းဟုန်က ယခုအချိန်တွင် ဝမ်ကျင်း ရဲ့လည်ပင်းတွင် သူမဦးခေါင်းကို မြှုပ်ထားပုံရသော်လည်း လက်တွေ့မှာတော့ ကွာခြားနေပါတယ်

ရွမ်ကျင်းဟုန်က မနေနိုင်ဘဲမျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ ဝမ်ကျင်းရဲ့ လက်တစ်ဖက်တွင် သူမလက်ရှိနေသေးသည်ကို လျစ်လျူရှုလိုက်ပြီး မြေပုံကို အာရုံစိုက်လေ့လာရန် တွန်းအားပေးလိုက်သည်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now