Part [2.1] Z+U

544 22 3
                                    

Sponsor

[ Part 2.1 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve

မူယွန်က ယူအီရင်းအကြောင်း ခဏလောက် မေ့ထားလိုက်တဲ့အပြင် သူ့ရဲ့ဖွင့်ဟဝန်ခံခြင်းနဲ့ ပတ်သက်တဲ့သတင်းတွေကို အကြိမ်ပေါင်းများစွာ အမှတ်မထင်တွေ့နေပေမဲ့လည်း ဒီအတိုင်းပဲ ထားလိုက်တော့တယ်။
ယူအီရင်းကို ဖုန်းထပ်မခေါ်တော့သလို ထပ်လည်း မရှာတော့ဘူး။ သူ့ကို ထပ်ပြီး မတွေ့ချင်တော့ဘူး။ လိင်မှုကိစ္စနဲ့ပတ်သက်လို့ ရခဲ့တဲ့နောင်တကလည်း အဲ့ဒီနေ့က အိပ်မပျော်ခင်အထိပါပဲ။
သူ့ရဲ့ဘဝက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ပြောင်းလဲသွားတဲ့အရာဆိုလို့ သူသောက်ရတဲ့ဆေးတွေက ပိုပြင်းလာတာပဲရှိတယ်။
သူက ဆေးအသစ်နဲ့ အသားမကျသေးတာကြောင့် ခေါင်းကိုက်လာတော့ နားထင်ကိုဖိလိုက်ပြီး အလုပ်လုပ်တဲ့အချိန်မှ တပ်လေ့ရှိတဲ့မျက်မှန်ကို ချွတ်လိုက်တယ်။

"ကျွန်တော် ဆေးတွေကို လျှော့လိုက်သင့်လား"

"ဟင့်အင်း အရင်ဆေးတွေလိုပဲ မကြာခင် အသားကျသွားမှာပါ"

"အဆင်မပြေရင် ဒေါက်တာချားကို ခေါ်လိုက်ရမလား"

"ဟင့်အင်း အဲ့ဒီလောက်မဆိုးတာမလို့ ရေးကြီးခွင်ကျယ်လုပ်မနေနဲ့"

"တောင်းပန်ပါတယ်"

သူက နည်းနည်းလေး စိတ်ဖိစီးလာပြီး စိုးရိမ်စရာတွေ အများကြီးရှိနေတာကြောင့် ခေါင်းထဲမှာ တဝီဝီမြည်နေပေမဲ့ နောက်ထပ်အနှောင့်အယှက်ဖြစ်စေမဲ့အကြောင်းအရာတွေ မလိုချင်တော့ဘူး။
မူယွန်က နားထင်စပ်ကို အကြိမ်အနည်းငယ်ပွတ်ပြီး ထိုင်ခုံဆီ မှီချလိုက်တယ်။ မျက်စိကို မှိတ်ထားရင်း တံခါးခေါက်သံကို ကြားလိုက်ရပေမဲ့ မူယွန်က မျက်စိမဖွင့်ဘဲ အတွင်းရေးမှူးယောကသာ တံခါးဆီကို တိတ်တဆိတ် ထွက်ခွာသွားတယ်။

" CEO ကျွန်တော်တို့ နောက်ဆုံးရိုက်ကူးထားတဲ့ စီးပွားရေးကြော်ငြာရဲ့ တည်းဖြတ်ထားတဲ့ပုံစံ ထွက်လာပြီလို့ ပြောပါတယ်"

SponsorWhere stories live. Discover now