Part [12] Z+U

356 17 1
                                    


Sponsor
[ Part 12 ]
Type: Webnovel
Genre: Adult, Drama, Mature, Romance, Slice of life, Smut, Yaoi.
Author: 아노르이실
Translator: Nieve

မူယွန်က အဆင်သင့်ရှိနေမယ်လို့ပြောပေမဲ့ အဲ့ဒီလောက်မလွယ်လှပါဘူး။ ဒီနေ့ မူယွန်ရဲ့အချိန်ဇယားတွေက အများကြီးနှောင့်နှေးကုန်တာကြောင့် အခုအချိန် သူ့မှာ နာရီဝက်သာ အချိန်ပိုရှိတော့တယ်။

“ဟိုတယ်ကို အရင်သွားနှင့်လိုက်ပါ၊ တတ်နိုင်သမျှ မြန်မြန်ပြီးအောင်လုပ်ပြီး လိုက်လာခဲ့မယ်”

“လူတွေက ခင်ဗျားတစ်ယောက်တည်း အလုပ်များနေတယ် ထင်နေကြလိမ့်မယ်၊ နာရီပေါင်းများစွာ မအိပ်နိုင်အောင် အလုပ်များနေတဲ့ ကျွန်တော့်ကို ဒီကို အတင်းခေါ်လာခိုင်းတာ ခင်ဗျားလေ”

“အဲဲ့ဒါဆိုရင် ဒီနေ့ ကောင်းကောင်း နားလိုက်ပါ၊ ဟိုတယ်မှာ မင်းသုံးသမျှ ကုန်ကျစရိတ်ကို ငါတာဝန်ယူပါ့မယ်”

“ဒါပေါ့ ဒီလောက်တော့ ခင်ဗျား လုပ်ရမှာ မဟုတ်ဘူးလား”

ယူအီရင်းရဲ့စကားကြောင့် မူယွန်က ရယ်လိုက်ပြီး သူ့ကို ဟိုတယ်လိုက်ပို့ပေးဖို့ အတွင်းရေးမှူးကို ခေါ်လိုက်တော့ ယူအီရင်းက သူ့ကို ခပ်ဖွဖွအနမ်းတစ်ပွင့်ပေးပြီး အတွင်းရေးမှူးနဲ့အတူ ရုံးခန်းထဲက ထွက်သွားတယ်။
ယူအီရင်းက အဲ့ဒီလိုမျိုးထွက်သွားပြီး မူယွန်ရဲ့အချိန်ဇယားတွေကလည်း ပုံမှန်အတိုင်း ပြန်လည် လည်ပတ်သွားပေမဲ့ မူယွန်တစ်ယောက် အလုပ်ဆီကို အာရုံမရောက်တော့ဘဲ အလုပ်တွေကို အမြန်ဆုံးလတ်စသတ်ပြီး ယူအီရင်းကို သွားတွေ့ဖို့ပဲ တွေးနေမိတော့တယ်။


သူမဖြေရှင်းနိုင်တဲ့အရာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာမျိုး မရှိခဲ့ပေမဲ့ အခုတော့ ဒီလိုမျိုး မဖြစ်သင့်ဘူးဆိုတဲ့အတွေးနဲ့အတူ အရာအားလုံးက ဒီလောက်မဆိုးဘူးဆိုတဲ့ အတွေးတွေသာ ကြီးစိုးနေတယ်။
ဒါပေမဲ့ အလုပ်တွေက အတောမသတ်နိုင်သလို အချိန်ဇယားတွေ ရွှေ့ဖို့ကလည်း အကန့်အသတ်ရှိနေတယ်။

“ရွှေ့လို့မရတဲ့အရာတွေကို တတ်နိုင်သလောက်လုပ်လိုက်”

တစ်ချိန်တည်း အစည်းအဝေးနှစ်ခုရှိနေပြီး မျက်နှာချင်းဆိုင်အစီရင်ခံတာတွေ မလုပ်တော့ဘဲ တစ်ပြိုင်တည်း အစီရင်ခံစာတွေ လက်ခံတဲ့အပြင် လမ်းသွားနေရင်းနဲ့လည်း ဖတ်ပြီး နှစ်ခါထက်ပိုတဲ့ လက်ဆုံစားပွဲတွေစားရသလို မတူညီတဲ့လူတွေနဲ့ သုံးကြိမ် လက်ဖက်ရည်သောက်ရတယ်။ တစ်နေကုန် ပြေးလွှားလှုပ်ရှားပြီး နောက်ဆုံး ယူအီရင်းကို သွားတွေ့လို့ရတဲ့ အချိန်မှာတော့ ညဆယ်နာရီကို နည်းနည်းစွန်းသွားပြီ။
မူယွန်က နာရီကို ကြည့်ရင်း ပြုံးလိုက်မိတယ်။ မနက်အစောကြီး ရဟတ်ယာဥ်လွှတ်ပြီး ယူအီရင်းကို အတင်းခေါ်ခိုင်းလိုက်ပေမဲ့ ဒီအချိန်ထိရောက်သွားတော့ ယူအီရင်းဖြစ်နေမဲ့မျက်နှာကို အကြမ်းဖျင်းတော့ ခန့်မှန်းမိနေတယ်။ ဒါက မဖြစ်သင့်ဘူးဆိုတာ သိပေမဲ့ သူ့ရဲ့စူပုပ်နေမဲ့အမူအရာကို တွေးကြည့်လိုက်တာကတောင် မူယွန့်ကို ခံစားချက် ပိုကောင်းလာစေတယ်။

“ဟိုတယ်ကိုပဲ ပို့ပေးရမလား”

မူယွန်က ဘာမှပြန်မဖြေပေမဲ့ ကားက စတင်ထွက်ခွာနေပြီ။ ဟိုတယ်ကားပါကင်ကို ရောက်တဲ့အခါမှာတော့ မူယွန်တစ်ယောက် ကားပေါ်ကဆင်းပြီး ယူအီရင်းရဲ့အခန်းဆီကို ဦးတည်သွားတော့တာပဲ။

SponsorWhere stories live. Discover now