Part [ 3 ]

506 17 0
                                    

Sponsor

[ Part 3 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve

မျှော်လင့်မထားတဲ့အခြေအနေကို ကြုံတွေ့ခဲ့ရတာကြောင့် ဘာပြောရမှန်းမသိဖြစ်နေတဲ့ အတွင်းရေးမှူးယောကို မူယွန်က စိုက်ကြည့်နေတော့ တစ်ခုခုပြောစရာရှိတဲ့ပုံစံနဲ့ ခေါင်းအနည်းငယ်ခါယမ်းနေတယ်။

“CEO ဆိုး ကျွန်တော့်ကို အတော်လေး ခက်ခက်ခဲခဲ နောက်ကျောတည့်တည့် ဓားနဲ့ထိုးလိုက်တယ်ပေါ့ ဟုတ်လား”

အစည်းအဝေးလုပ်နေတုန်းမှာ အတွင်းရေးမှူးရုံးကနေ အရေးတကြီး ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာပြီး ဧည့်သည်တစ်ယောက် ရုတ်တရက်ရောက်ချလာလို့ ဘာလုပ်လိုက်ရမလဲဆိုတာကို သူ့ကို လှမ်းမေးတယ်။ အတွင်းရေးမှူးယောက သူ့ကို စောင့်နေဖို့ပြောပေမဲ့ ဧည့်သည်က ဒေါသတကြီးနဲ့ အစည်းအဝေးခန်းထဲအထိ ဝင်မသောင်းကျန်းခင် ဆိုးမူယွန်ကို သူ့ဆီ ခေါ်လာပေးဖို့ အသည်းအသန်ပြောနေတဲ့အဆုံးမှာတော့ အဲ့ဒီသတင်းက ဆိုးမူယွန်ရဲ့နားထဲကို ရောက်သွားပါတော့တယ်။ မူယွန်တစ်ယောက်ကတော့ ဧည့်သည်ရဲ့နာမည်ကို ကြားတာနဲ့ အစည်းအဝေးခန်းထဲမှာ ဆက်မထိုင်နိုင်တော့ဘူးလေ။ သူ့ရဲ့နာမည်လေးနဲ့တင် စအိုကြွက်သားတွေက ထုံထိုင်းသွားတယ်လို့ပြောရင် နည်းနည်းရယ်စရာကောင်းမယ်ဆိုပေမဲ့ အဲ့ဒါက အမှန်တရားပါပဲ။

“မစ္စတာ ယူအီရင်း”

“ကျွန်တော် ခင်ဗျားကို ပြောခဲ့တယ်လေ မဟုတ်ဘူးလား။ ကျွန်တော့်ကို တစ်စုံတစ်ယောက်က လာကစားနေတယ်လို့ ခံစားရတာကို အမုန်းဆုံးပဲ”

မူယွန်ရဲ့အတွင်းရေးမှူးရုံးခန်းအလယ်မှာ မတ်တတ်ရပ်နေတဲ့ ယူအီရင်းရဲ့အသံမှာ ဒေါသအရိပ်အယောင်တွေယှက်သန်းနေပြီး နေကာမျက်မှန်ရယ်၊ ရာသီချိန်ထက် အနည်းငယ်စောနေတဲ့ လည်စည်းရယ်၊ ခန္ဓာကိုယ်မှာ ချပ်ကပ်နေတဲ့ ပုံမှန်အဝတ်အစားကို ဝတ်ထားတဲ့သူက မူယွန့်ကို ရွဲ့စောင်းကြည့်နေတယ်။ မူယွန်က သူ့ရဲ့မှတ်ဉာဏ်ထဲကပုံစံလေးထက် ပိုပြီးတောက်ပနေပုံပေါ်တဲ့ ယူအီရင်းရဲ့ ဒီလိုပုံစံကို ပထမဆုံးအကြိမ် သဘောကျခဲ့မိတာပဲ။

SponsorWhere stories live. Discover now