Part [7]

405 14 1
                                    

Sponsor

[ Part 7 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve

ယူအီရင်းက အိပ်ရာပေါ်သွားမဲ့အစား မူယွန်ရဲ့လက်ကိုဆွဲပြီး တစ်ချက်ကြည့်ရင်း ဘေးက ဆိုဖာခုံဆီ ဆွဲခေါ်သွားပြီး ထိုင်လိုက်တယ်။
မူယွန်က သူ့ကို အိပ်ရာထက်ကို ခေါ်သွားဖို့ မျှော်လင့်ထားပုံရပြီး အိပ်ရာကို တစ်ချက်ကြည့်လိုက်တော့ စိတ်ပျက်မှုကို ဖော်ပြနေတဲ့အလား စိုးရိမ်နေတဲ့ သူ့နှလုံးသားက နာကျင်စွာ ခုန်ပေါက်လာတော့တယ်။ မူယွန်က သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး သူ့ရဲ့ရှေ့မှာထိုင်နေတဲ့ ယူအီရင်းကို ကြည့်လိုက်တယ်။

“အရမ်းကြီး စိတ်ပျက်မသွားပါနဲ့၊ ဒီကိုလာပါ”

“ဘယ်သူက စိတ်ပျက်လို့….”

မူယွန်က ဆင်ခြင်ပေးဖို့ ကြိုးစားနေပေမဲ့ မကြာခင်မှာပဲ ယူအီရင်းက သူ့ရဲ့လက်ကောက်ဝတ်ကို လှမ်းကိုင်ပြီး ဆွဲခေါ်လိုက်တော့ မူယွန်တစ်ယောက် ပါးစပ်ပိတ်သွားတယ်။ လက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားရင်း အားအနည်းငယ်ထည့်ပြီး လှမ်းဆွဲလိုက်တာကြောင့် မူယွန်က ယူအီရင်းရဲ့ပေါင်ပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်မိသွားလေတော့ သူ့မှာ အနေရခက်လာပြန်တယ်။ သူ့ရဲ့ပေါင်နဲ့ ယူအီရင်းရဲ့ခြေထောက်ကလည်း ထိတွေ့နေတာကြောင့် လည်ချောင်းတွေ ခြောက်ကပ်လာပြီး တံတွေးမျိုချလိုက်မိတယ်။

“လက်ကိုင်ပဝါ”

ယူအီရင်းရဲ့စကားကြောင့် မူယွန်က သူ့ရဲ့အိတ်ကပ်ထဲက လက်ကိုင်ပဝါကို ထုတ်ပေးလိုက်တော့ ယူအီရင်းက ရေမွှေးနည်းနည်းဖြန်းထားတဲ့ လက်ကိုင်ပဝါကို ဖြေလိုက်တဲ့အချိန် ရေမွှေးနံ့ခပ်သင်းသင်းက သူ့နှာခေါင်းဝကို ကျီစယ်လာတယ်။
ယူအီရင်းက လက်တစ်ဖက်က ပဝါကို ကိုင်ထားပြီး သူ့ရဲ့ခါးကို ကျန်လက်တစ်ဖက်နဲ့တင်းတင်းဆုပ်ကိုင်ထားရင်း အဲ့ဒီလက်နဲ့ပဲ မူယွန်ရဲ့ခါးပတ်ကို ဖြေလိုက်တယ်။ မူယွန်တစ်ယောက် တားဆီးရမယ်ဆိုတာကို သိပေမဲ့ ယူအီရင်းရဲ့ပခုံးပေါ်မှာ တင်ထားတဲ့ သူ့ရဲ့လက်တွေကတော့ လှုပ်ရှားလာခြင်းမရှိပါဘူး။

“ဒီလိုတောင် စိုနေပြီပဲ”

ယူအီရင်းက သူ့ဘောင်းဘီခါးပတ်ကို ဖြုတ်ပြီး လျှောချလိုက်တော့ အတွင်းခံကဖောင်းပြီး စိုနေတာကို မြင်သွားပြန်တယ်။ မူယွန်တစ်ယောက် မျက်လုံးကို ခပ်တင်းတင်းမှိတ်ထားပြီး အတွင်းခံပေါ်ကနေ သူ့ရဲ့လိင်တံတစ်လျှောက် ပွတ်သပ်နေတဲ့ ယူအီရင်းရဲ့လက်ချောင်းတွေကို ခံစားနေမိတယ်။
တစ်ဆက်တည်းမှာပဲ ယူအီရင်းက သူ့ရဲ့ထိပ်ဖျားကို အနည်းငယ် ပွတ်ဆွဲလာတဲ့အခါ ရုတ်တရက် သူရဲ့အားတွေက ကုန်ခန်းသွားပြီး ခန္ဓာကိုယ်က တုန်ယင်လာတော့ ယူအီရင်းက မူယွန် ပြုတ်ကျသွားမှာစိုးနေသလိုမျိုး ခါးကို အလျင်အမြန်ဆွဲဖက်လာတယ်။ ခါးပေါ်က အထိအတွေ့ကတောင်မှ မူယွန်ရဲ့ အသက်ရှူထုတ်သံတွေကို ပြင်းလာတဲ့အထိ ကလိကလိဖြစ်အောင်ပြုစားနေတော့တာပေါ့။

“ကျွန်တော် ဘာမှမလုပ်ရသေးဘူးလေ”


ရယ်သွမ်းသွေးနေတဲ့ သူ့ရဲ့အသံကို ကြားလိုက်ရပေမဲ့ မူယွန်တစ်ယောက် ပေါင်တွေ၊ တင်ပါးတွေ တင်းမာနေတာကြောင့် အဲ့ဒါကို ဂရုမစိုက်နိုင်သလို သတိမထားလိုက်မိခင်မှာပဲ  ယူအီရင်းထိုင်နေတဲ့ ဆိုဖာပေါ်ကနေ ထလာပြီး ယူအီရင်းရဲ့ပေါင်ပေါ်မှာ ဝင်ထိုင်နေမိတော့ ယူအီရင်းကလည်း မှီတွယ်လို့ရအောင် မူယွန်ရဲ့ခန္ဓာကိုယ်ကို နည်းနည်းပိုပြီး ဆွဲယူလိုက်တယ်။

“ကျွန်တော် အကြာကြီး သည်းခံထားတာမလို့ ဆက်ထိန်းမထားတော့ဘူး”

ယူအီရင်းက အသာအယာပြောရင်း မူယွန်ရဲ့အရာကို ထုတ်ယူဖို့ အတွင်းခံကို ဆွဲချွတ်လိုက်တယ်။ အတွင်းခံပေါ်ကနေတောင် ပူလောင်မှုကို ခံစားလို့ရလောက်အောင် စိတ်လှုပ်ရှားလွန်းနေပြီး ယမ်းခါနေတဲ့ မူယွန်ရဲ့အရာကို ယူအီရင်းက လက်ကိုင်ပဝါနဲ့ သိုင်းပတ်လိုက်ပြီး မကြာခင်မှာပဲ ပူပူနွေးနွေးအသားကြီးကပါ ထိလာတယ်။

“ဘာလဲ…”

“စိတ်မပူပါနဲ့ ဒါက လက်နက်မဟုတ်ပါဘူး”

မူယွန်က သူ့ရဲ့လိင်တံထိပ်ကို လာထိနေတဲ့ ကြီးမားပြီး မာတောင်နေတဲ့အရာက ဘာလဲဆိုတာကို ချက်ချင်းသိလိုက်တယ်။ အဲ့ဒါကတော့ ယူအီရင်းရဲ့ပိုင်ဆိုင်ရာပါပဲ။ မူယွန်က  အောက်ကို အကြည့်ရွှေ့လိုက်တော့ ယူအီရင်းက ခါးပတ်ကို ဖြေပြီး သူ့ရဲ့အရာကြီးကိုပဲ ဆွဲထုတ်ထားတယ်။
ဒါက အဝတ်အစားပေါ်ကနေ ထိတွေ့တာထက် အများကြီး ပိုကောင်းမွန်ပြီး ယူအီရင်းကလည်း မူယွန့်လို မာပြီး စိုစွတ်ပြောင်ချောနေရော။
ယူအီရင်း လွှမ်းခြုံထားတဲ့အနံ့တွေက ပိုပြင်းလာတယ်လို့ မူယွန်တစ်ယောက် ခံစားမိလာတယ်။

“အား….ဟား….ဟူး…..အနံ့က”

“တတ်နိုင်သလောက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်အောင် ကြိုးစားနေတယ်”

မူယွန်က ယူအီရင်းရဲ့လက်ဖျံကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး ရေအောက်မှာ ရောက်နေချိန် ဘက်ပေါင်းစုံက ဖိအားတွေကို ခံစားနေရသလိုမျိုး သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကလည်း ပြောင်းလဲသွားပြီး ပေါက်ကွဲထွက်တော့မတတ်ပဲ…..။
မူယွန်ရဲ့ခါးတွေက ရှေ့နောက် ယမ်းခါနေပြီး သူတို့နှစ်ယောက်ရဲ့ပစ္စည်းတွေက ထိမိနေရုံပဲဆိုပေမဲ့ တစ်စစီပြုတ်ထွက်တော့မယ်လို့တောင် ခံစားနေရလေရဲ့။ သူ့ရဲ့စိတ်တွေက ဗလာဖြစ်သွားပြီး သူ့ရဲ့လိင်တံထိပ်ကို လာထိနေတဲ့ ယူအီရင်းရဲ့အရာနဲ့ အထိအတွေ့တွေကလွဲလို့ ဘာကိုမှ မတွေးနိုင်တော့ဘူး။

“လွယ်လွယ်လေး ကလိလို့ရတဲ့အရာကို တောင့်ခံထားဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးနေတာလား”

ယူအီရင်းက သူ့ရဲ့နားဖျားလေးကို စုပ်ယူပြီး ပြောလာတော့ စုပ်ယူခံလိုက်ရတယ်ဆိုတဲ့အသိနဲ့ သူ့ရဲ့အသံက မရိုးမရွဖြစ်လာစေသလို သူ့ရဲ့စကားလုံးတွေကလည်း သူ့ကို နိုးကြားလာစေတယ်။
မူယွန်က တံတွေးမျိုချလိုက်ရင်း လက်ဖျားတွေထိ တုန်ယင်နေပေမဲ့ မတ်တတ်ရပ်ဖို့ ကြိုးစားရင်း ယူအီရင်းကို ကြည့်လိုက်တယ်။ ယူအီရင်းကလည်း အဓိပ္ပာယ်မဖော်နိုင်တဲ့ အကြည့်တွေနဲ့ ပြုံးပြုံးကြီး ကြည့်နေပြီး လက်ထဲမှာ သူတို့နှစ်ယောက်ရဲ့အရာတွေကို ပူးတွဲကိုင်ထားတယ်။
မူယွန်က အသိပြန်ဝင်လာအောင် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်တယ်။
“မြန်မြန်ပြီးအောင် လုပ်ကြရအောင်”

အသံက အနည်းငယ်ချုပ်တည်းထားပုံရပြီး မူယွန်ရဲ့အနိမ့်သံ ပိုတိုးသွားတဲ့ပုံစံက ပဲ့တင်သံလိုတောင် ဖြစ်နေတယ်။ အသံက စိတ်လှုပ်ရှားမှုကို ဖော်ပြသလို ဖြစ်နေတာကြောင့် မူယွန်က တံတွေးအနည်းငယ် မျိုချလိုက်တယ်။

“ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ကျွန်တော့်ဆီ ပုံအပ်ထားတာက ပိုပြီး သက်သောင့်သက်သာမဖြစ်ဘူးလား”

“အချိန်မရှိတာမလို့ မြန်မြန်လက်စသတ်လိုက်ရအောင်”

မူယွန်က စီးပွားရေးဆန်ဆန် ပြောဖို့ ကြိုးစားနေတာကြောင့် ယူအီရင်းက တောက်ပစွာ ပြုံးလိုက်တော့ အဲ့ဒီအပြုံးက မူယွန့်ကို တံတွေး မျိုချမိသွားစေသလို ယူအီရင်းရဲ့ အဲ့ဒီအပြုအမူက တစ်ခုခုကို ဖိနှိပ်ထားတယ်ဆိုတာ တပ်အပ်ပြောနိုင်တယ်။

‘သူ့ကို ထပ်ပြီး ရန်စမိသွားတာလား'

“ကောင်းပြီ၊ အဆုံးသတ်ကြတာပေါ့”

မူယွန်က ယူအီရင်းရဲ့ ပခုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး ပေါင်တွေကို ကျုံ့လိုက်မိတော့ ယူအီရင်းကလည်း သူ့ရဲ့လိင်တံကို အသာအယာဆွဲပွတ်ပေးနေတယ်။ အသာအယာလှုပ်ရှားမှုက သူ့ရဲ့ပြင်းပြတဲ့အခြေအနေနဲ့ ကွာခြားလှပြီး မကြာမီမှာတော့ တစ်ကိုယ်လုံးတွန့်လိမ်လာရင်း ထပ်ငြိမ်သွားပြန်တယ်။ အဲ့ဒီနောက် သူက အနားကို ဖြည်းဖြည်းချင်းချဉ်းကပ်လာပြီး အဲ့ဒီအရာကို အနည်းငယ်ဆွဲယူပြီး သူ့ဟာနဲ့ အသာအယာ ပွတ်သပ်နေတော့တာပဲ။

“ဟင်း…”

မူယွန်က အသက်ရှူသံ မြန်လာပြီး ခါးပါ အနည်းငယ် ကော့တက်လာပေမဲ့ ယူအီရင်းကတော့ ခပ်ဖြည်းဖြည်းသာ လှုပ်ရှားနေတယ်။ သူ့ရဲ့လက်တွေနဲ့ ကိုင်ထားရင်း တဖြည်းဖြည်းချင်း မချင့်မရဲဖြစ်လာအောင် ဆွဲချပြီး အဲ့ဒီအရာနဲ့ ကစားနေသလိုမျိုး အကြည့်မရွှေ့ဘဲ အသာအယာ လှုပ်ရှားနေတော့ မူယွန်က အောက်နှုတ်ခမ်းကို ကိုက်လိုက်မိတယ်။
မူယွန်က ယူအီရင်းရဲ့လက်ကို ဖယ်ထုတ်ပစ်ချင်စိတ်မရှိတဲ့အပြင် သူ့ကို လုံးဝပတ်သက်တွယ်ငြိမိတော့မယ်ဆိုတာ သိပေမဲ့လည်း ရုန်းထွက်လိုစိတ်လည်း လုံးဝမရှိပြန်ဘူး။ ဒါပေမဲ့ သူက တခြားသူတစ်ယောက်လိုမျိုး ဖြစ်သွားမှာကို မလိုချင်သလို အဲ့ဒီလိုဖြစ်သွားမှာကိုလည်း အကြောက်ဆုံးပါပဲ။
မူယွန်က လူကူးမျဥ်းကြားအလယ်မှာ ရပ်နေမိသလို ခံစားနေရတယ်။ ယူအီရင်းက သူ့ကို တုံ့ဆိုင်းခြင်းမရှိ ပတ်သက်လာပေမဲ့ မူယွန်ကတော့ ယူအီရင်းနဲ့ ပတ်သက်လိုက်ရင် သူက သူ မဟုတ်တော့မှာကို ကြောက်နေမိတယ်။ ယူအီရင်းကို တွန်းထုတ်ဖို့ကျတော့ ဆွဲဆောင်မှုရှိလွန်းနေပြီး လက်ခံဖို့ကျတော့လည်း အရမ်းကြောက်နေတယ်။


“ဟင်း….”

မူယွန်က ခဏလောက် အသက်အောင့်ထားတဲ့အချိန် ယူအီရင်းက သူတို့ရဲ့အရာတွေကို ပူးကိုင်ပြီး ဖိပွတ်နေတယ်။ ယူအီရင်းရဲ့ ပူနွေးနူးညံ့ပြီး စိုစွတ်နေတဲ့အရာကြီးက မူယွန်ရဲ့လုံးပတ်သေးပြီး အထိမခံနိုင်တဲ့အရာကို လာထိမိတိုင်း အားနည်းသွားသလိုခံစားချက်ရယ် သုတ်ဂလင်းရဲ့အတွင်းပိုင်းအထိ ရလာတဲ့ ပြင်းထန်တဲ့ခံစားမှုရယ်က မူယွန့်ရဲ့ခန္ဓာကိုယ်မှာ တစ်လှည့်စီ ဖြစ်ပေါ်နေတယ်။

“ဟူး….”

နောက်ပြီး ယူအီရင်းရဲ့ အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရတော့ အောက်နှုတ်ခမ်းကို ကိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်သည်းခံဖို့ ဖိအားပေးနေတဲ့မူယွန်က ခေါင်းထောင်လာတယ်။
ယူအီရင်းက မူယွန့်ကို ကြည့်နေပြီး သူ့ရဲ့မျက်နှာက မူယွန်နဲ့ လုံးဝကွဲပြားနေတယ်။ သူ့ရဲ့လှပတဲ့ နီနီရဲရဲနှုတ်ခမ်းလေးတွေက ပွင့်ဟနေပြီး နဖူးကြောတွေက အနည်းငယ် ရှုံ့တွနေပေမဲ့ အဲ့ဒါကို ဖုံးကွယ်ထားချင်တဲ့ပုံမပေါ်ပါ။ ချောမောတဲ့မျက်နှာလေးက အနည်းငယ် ရှက်သွေးဖြန်းနေပြီး တုံ့ဆိုင်းခြင်းမရှိ သာယာမှုအားလုံးကို ဖော်ပြနေတယ်။
အဲ့ဒါက ပုန်းရှောင်ဖို့ ကြိုးစားနေတဲ့သူ့ကို လှောင််နေတဲ့အတိုင်းပဲ။

“ဟင်း ဟူး…..”

သက်ပြင်းရှည်ကြီးတစ်ချက်နဲ့အတူ သူက မျက်လုံးကို အနည်းငယ်မှိတ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်သွားလိုက်ပုံက မူယွန်ရဲ့အကြည့်တွေကို သတိထားမိသွားပုံပဲ။ ဒါပေမဲ့ သူက အဲ့ဒါကို မကွယ်ဝှက်ထားသလို ပိုပြီးမြင်သာအောင် ခေါင်းကို အတော်လေး ထောင်လာပြီး လက်တွေကလည်း သူတို့ရဲ့အရာတွေကို ပူးကိုင်ပြီး မြန်မြန်ပွတ်ဆွဲနေတယ်။

“ဝိုး….”

မူယွန်က  သူ့ကို ခပ်ကြမ်းကြမ်းလာပွတ်နေတဲ့အရာကြောင့် ရှေ့ကို ကိုင်းပြီး ခါးကို ရှောင်လိုက်ပေမဲ့ ယူအီရင်းက လုံးဝဂရုမစိုက်ဘဲ မူယွန်ရဲ့ခါးကို ဖိထားပြီး လက်ကိုင်ပဝါနဲ့ သိုင်းပတ်ထားတဲ့ သူတို့ရဲ့ပစ္စည်းတွေကို ခပ်မြန်မြန် ဆွဲပွတ်နေတယ်။
မူယွန်က ယူအီရင်းရဲ့ပခုံးပေါ်ကို နဖူးနဲ့ ဖိထားတော့ ယူအီရင်းရဲ့နှုတ်ခမ်းတွေက သူ့ရဲ့နားဖျားအပေါ်ဘက်ထိ ရောက်လာပြီး လျှာနဲ့ စုပ်ယူနေတယ်။ လိင်တံတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်နေတာကြောင့် လိင်တံထိပ်က ထွက်လာတဲ့ စိုစွတ်ပြီးနူးညံ့တဲ့အသံတွေက ရောနှောသွားပြီး အသံတစ်သံတည်းဖြစ်လာသလို မူယွန်ရဲ့ မောဟိုက်နေတဲ့အသံကလည်း ပိုပြီး ကျယ်လောင်လာတယ်။

“အင်း….”

“အား….”

မူယွန်ရဲ့တင်ပါးတွေက တောင့်တင်းလာပြီး နောက်ကျောတွေပါ တုန်ယင်လာကာ စိတ်လှုပ်ရှားမှုတွေက ခြေဖျားအထိ စီးဝင်သွားချိန်မှာတော့ မူယွန်ရဲ့လက်ကိုင်ပဝါမှာ သူတို့နှစ်ယောက်ရဲ့သုတ်ရည်တွေ စိုစွတ်သွားတယ်။
ယူအီရင်းရဲ့ခန္ဓာကိုယ်ပေါ်ကို လုံးဝပြိုကျသွားပြီး အချိန်အတော်ကြာ ပြေးလွှားနေတဲ့လူတစ်ယောက်လိုမျိုး အသက်မရှူနိုင်တော့တာကြောင့် ခပ်ပြင်းပြင်း သက်ပြင်းရှိုက်ရင်း ငိုက်စိုက်ကျသွားသလို ရှိသမျှခွန်အားတွေ အကုန်လုံးကလည်း လက်ဖျားတွေကနေတစ်ဆင့် ထွက်သွားကြတဲ့အတိုင်း သူ့ကို တဆစ်ဆစ်ခံစားရစေတယ်။

Swara Web Novel Translation

SponsorWhere stories live. Discover now