Part [13] Z+U

188 12 3
                                    


Sponsor
[ Part 13 ]
Type: Webnovel
Genre: Adult, Drama, Mature, Romance, Slice of life, Smut, Yaoi.
Author: 아노르이실
Translator: Nieve

"အမြဲတမ်း Alpha နဲ့ လုပ်တာလား"

အနည်းငယ် မိန်းမောနေတဲ့ မူယွန်က ခေါင်းကို ခါလိုက်တယ်။ သူ့ရဲ့ခေါင်းထဲမှာ ယူအီရင်းရဲ့အနံ့တွေနဲ့ ပြည့်နှက်နေသလို စိတ်ထဲမှာလည်း အရက်နည်းနည်းသောက်ထားသလိုမျိုး ဗလာဖြစ်နေတယ်။
အီရင်းရဲ့အနံ့က နည်းနည်းပြေလျော့သွားပြီး သူ့ရဲ့နှုတ်ခမ်းတွေက မူယွန်ရဲ့ပါးကို ထိလာတယ်။

"အရမ်းလွန်သွားရင် ကျွန်တော့်ကို ပြောပါ ကတိပေးထားတဲ့အတိုင်း ဒီနေ့ ဝန်ဆောင်မှုပေးတော့မှာမလို့"

"အဲဲ့ဒါက...အမ်း... မင်းပြောတော့ မင်းကြိုက်သလို လုပ်မှာဆို"

မူယွန်က အနည်းငယ် အက်ရှနေတဲ့ သူ့ရဲ့အသံကို ကြည်အောင်လုပ်ရင်း ပြောလိုက်တော့ ယူအီရင်းရဲ့ တခစ်ခစ်ရယ်သံကို ကြားလိုက်ရသလို သူ့ရဲ့နှုတ်ခမ်းတွေက ကုပ်ပိုးကို လာထိနေတယ်။

"ကျွန်တော် ကျေနပ်တဲ့အထိ လုပ်ရင် မနက်ဖြန်ကျ CEO အလုပ်သွားနိုင်မှာတောင် မဟုတ်ဘူး"

".... မင်းကို ပိုပြီး စိတ်ဆိုးအောင်လုပ်လိုက်ရင် မင်း ကျေနပ်တဲ့အထိ လုပ်မှာလား"

သူ့ရဲ့လည်ပင်းတွေကို စုပ်ယူနေတဲ့ ယူအီရင်းက ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်ပြီး သူ့ကို ကြည့်လာတော့ မူယွန့်ဘက်ကလည်း အကြည့်တွေကို ရှောင်မနေခဲ့ပါ။

"ကျွန်တော် လုပ်ချင်တာသာ လုပ်လိုက်ရင် သူက ငါ့ရဲ့စပွန်ဆာဖြစ်ချင်တာလို့ CEO က ပြောလာလိမ့်မယ်"

"မင်းပြောလိုက်မှ ပိုသိချင်သွားပြီ....."

"အချင်းချင်း မျှမျှတတဖြစ်အောင် နေကြတာပေါ့၊ အခု ဒါကို လက်ဆောင်တစ်ခုလို့ သဘောထားလိုက်ပါ၊ ခင်ဗျားကို ဝန်ဆောင်မှုကောင်းကောင်း ပေးတော့မှာမလို့ ကျွန်တော့်ကို နှောင့်ယှက်နေတာ ရပ်လိုက်တော့"

ယူအီရင်းက တကယ်ကို အခက်အခဲဖြစ်နေသလိုမျိုး မျက်လွှာချပြီး အပြုံးလေးနဲ့ အသာအယာပြောလာတော့ သူ့ရဲ့မူပိုနေမှုကြီးကြောင့် မူယွန်တစ်ယောက် ရယ်မိသွားတယ်။
ယူအီရင်းရဲ့နှုတ်ခမ်းတွေက သူ့ရဲ့လည်ပင်းတွေကို ပြန်ထိလာတယ်။ ဖြစ်နိုင်တာက သူရယ်လိုက်တော့ ခုနကထက် ပိုစိတ်သက်သာရာရသွားပုံပဲ။

Chegaste ao fim dos capítulos publicados.

⏰ Última atualização: May 02 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

SponsorOnde as histórias ganham vida. Descobre agora