Ep 1

94 4 0
                                    

အသက်၁၉နှစ်မှာအဝါရောင်လေးကိုတွေ့ခဲ့တယ်။ပထမဆုံးရင်ခုန်ခြင်းတွေက မ ဆိုတဲ့ကောင်မလေးကြောင့်ဖြစ်တည်လာခဲ့တာ~


⬅⬅⬅⬅⬅💛➡➡➡➡➡

နိုင်ငံကိုစောက်ဂျပုခွေးသတောင်းစားကသိမ်းသွားလို့ ပြည်သူတွေအကုန်ဒုက္ခရောက်ကုန်ကြတာ ဘယ်နေရာကမဆိုပြည်သူတိုင်းကကိုယ့်နိုင်ငံကိုပြန်ရဖို့ကြိုးစားနေကြတာအတော်လည်းပင်ပန်းနေကြတယ်။

ကျောင်းသားတွေကတော့အခုချိန်ဘာလုပ်ရမှန်းမသိလေလွှင့်နေကြတာ အဲ့လေလွှင့်နေတဲ့သူတွေထဲ ဆုထက်မြတ် ဆိုတဲ့ငါလေးလည်းပါတယ်:))

တရုတ်ကပစ်လွှတ်လိုက်တဲ့အကျိုးမပေးတဲ့မအေဘေးလေးကိုးဗစ်ကြောင့်တက္ကသိုလ်တွေပိတ်သွားတဲ့အပြင် သူထက်ဆိုးတဲ့မအေဘေးကြီးကအာဏာပါသိမ်းသွားတော့ကျောင်းပါပြန်မဖွင့်တော့ဘူး အေးရော

အဲ့တော့အလုပ်မရှိအကိုင်မရှိအိမ်မှာလေလွှင့်နေတဲ့ငါက အစပိုင်းမုန့်ဖိုးလေးကရသေးတယ် နောက်ပိုင်းအိမ်ကမာတာမိခင်ကြီးကမကြည်တော့ဘူး။ အလုပ်လု​​ပ်တော့တယ်တဲ့လေ😊 ကဲ အလုပ်ရှာမယ်ဆိုတော့ဘာလုပ်တက်လည်းစဥ်းစားတာ ၁၀တန်းအောင်ရုံနဲ့အလုပ်ကရဖို့မလွယ်ဘူး

အဲ့တာနဲ့အနီးစပ်ဆုံးစဥ်းစားတော့စက်ရုံဆင်းဖို့ပဲရှိတော့တယ် အဲ့တာနဲ့စက်ချူပ်သင်တန်းလေးတက်စက်ရုံသွားလျောက်မယ်ပေါ့။ အိမ်ကတူမလေးနဲ့အတူတူသွားရော တူမလေးကစက်ချူပ်ကျွမ်းပြီးသားဆိုတော့သူကသွားလျောက်ချင်နေပြီ ကိုယ့်ကလည်းသင်ထားတာမှတစ်ပတ်ပဲရှိသေး နောက်တော့ဖြစ်ချင်တာဖြစ်ဆိုပြီးသွားလျောက်တာ ကံဇာတာလေးတက်နေပုံရတယ်နှစ်ယောက်လုံးopနဲ့အလုပ်ရလာကြရော ဟဲဟဲ

opဆိုပေမယ့်အထင်မကြီးပါနဲ့စက်ချူပ်မကျွမ်းသေးလို့တဲ့haperအနေနဲ့ပဲလုပ်ခိုင်းသေးတာ ဒါမယ့်opလစာတော့ပေးပါတယ် ကျတဲ့လိုင်းကလည်းသဘောကောင်းတော့okမှာစိုပြေနေရောပဲ..

အဲ့လိုokနေတဲ့ဘဝကြီးကိုခဲနဲ့ထုသွားတာဟိုအစ်မကြီး သူကိုတာဝန်ယူခိုင်းရမယ် ဟွန့်။

အလုပ်ဝင်တာတစ်လကျော်တော့ ironဖက်ကိုပြောင်းရတယ်။ ငိုတာဆိုတာမပြောချင်ဘူးironတိုက်ရင်မတ်တပ်ကြီးပဲလေညောင်းတာပေါ့ ၂ရက်ပါပဲငိုတာဆိုတာမချောတဲ့ရုပ်လေးလည်းပိုဆိုးကုန်ပြီ ကံဆိုးချင်တော့ငါ့အသည်းအသန်ငိုနေတဲ့ပုံကိုဟိုအစ်မကြီးတွေ့သွားမှာပဲ 😭

Y E L L O WWhere stories live. Discover now