Ep 6

9 1 0
                                    

ဆု ဝယ်လွန်သွားယူနေရင်းရင်တွေခုန်နေသည်။ မ နဲ့စကားပြောရင်ထစ်မနေစေဖို့ဆုတောင်းရမယ်။ ဆုလမ်းတစ်ဝက်ရောက်တော့ မ ကိုတွေ့ပြီ စကားသွားပြောလိုက်ရင်ကောင်းမလား။

'မ'

ဆု မ ​ကိုစကားပြောဖို့ဆုံးဖြတ်လိုက်သည်။

'ဟင် အော် ကောင်မလေး'

မ က ဆုကိုပြုံးပြီစကားပြန်ပြောတယ်။ မ ရဲ့အပြုံးမှာမျှောမသွားအောင်သတိကပ်ထားရတယ်။

'တော်သေးတာပေါ့ စကားလာပြောသားပဲဒီနေ့တော့'

'ဟီး မ ကိုအနှောက်အယှက်ပေးသလိုဖြစ်မှာစိုးလို့ပါ'

'ရပါတယ် ပြီးတော့အကျီအတွက်ကျေးဇူးပဲနော်ညီမလေး'

အဲ့တာမှညီအစ်မဇုန်ထဲကိုတန်းရောက်သွားတော့တာပဲ ကောင်းရော မရယ်😑။မျက်နှာကြီးဆူပုတ်သွားချင်တာကို ဆုမှမနည်းထိန်းလိုက်ရသည်။

'ရပါတယ် မ ကြိုက်တယ်မလား'

'အွန်းကြိုက်တယ် အဲ့အကျီလေးကိုဝယ်ဖို့ လုပ်ထားတာ မအားသေးတာနဲ့မဝယ်ဖြစ်တာ'

'မ ကကြိုက်တယ်ဆိုရင်ရပါတယ် ဒါနဲ့ဆု လိုင်းပေါ်မှစကားလာပြောလို့ရမလား'

'အွန်း အားတဲ့အချိန်ကြရင်လာပြောလေ အခုအစ်မသွားတော့မယ်နော်'

'ဟုတ်'

ဆု မ ထွက်သွားတာကိုငေးကြည့်နေလိုက်သည်။ 


မ ကိုစကားလာပြောမယ်လို့သာပြောထားတာ ဖုန်းကိုင်ထားတာနာရီဝက်ပြည့်တော့မယ်အခုထိဘာပြောရမှန်းမသိသေးဘူး။ အခုမှပဲပြောဖို့စကားတွေကပျောက်နေသလိုပဲ။

'ဟိတ် အိပ်သေးဘူးလား'

"ဟင် မ စာပို့လာတာပဲ" 

ဖူး အိပ်မပျော်သေးတာနဲ့ဖုန်းကြည့်နေရင်း ဟိုကောင်မလေးအကောင့်မီးစိမ်းနေတာတွေ့လို့စာပို့လိုက်တယ်။ မနက်ကစကားလာပြောသေးတယ်။ စကားပြောရင်ခေါင်းကငုံငုံသွားတာ အခုထိရှက်နေတုန်းနဲ့တူတယ်။ 

'ဟုတ် မအိပ်ချင်သေးလို့'

'မ ရောအိပ်သေးဘူးလား'

Y E L L O WWhere stories live. Discover now