Ep 9

13 1 0
                                    

'ဆုလေး သမီးထတော့လေ အလုပ်နောက်ကျအုံးမယ်'

'ဟင်းး ဟုတ်အမေ ထပြီ'

'ဟင် အဝတ်အစားတွေလည်းမလဲထားဘူး ညကဒီအတိုင်ကြီးအိပ်လိုက်တာလား'

ဆု မနေ့ကအခန်းထဲရောက်ထဲကငိုနေမိတာ အဝတ်အစားတောင်မလဲနိုင်ဘူး ဒီအတိုင်းအိပ်ပျော်သွားမိတာပဲ။ ဒီလောက်ငိုထားတာတောင်ငိုချင်နေတဲ့စိတ်ကပျောက်မသွားသေးဘူး...

'အမ်း.. ဟုတ်တယ်အမေညကလဲမယ်ဆိုပြီအိပ်ပျော်သွားတာဖြစ်မယ်'

'မျက်လုံးကလည်းဘာဖြစ်ထားတာလဲ နီနေသလိုပဲနော်'

'ဘာ ဘာမှမဖြစ်ပါဘူးမေမေရဲ့ ဟို ညကအိပ်ရင်းလက်နဲ့ပွတ်မိတာဖြစ်မယ် ဒါဆိုသမီးရေချိုးတော့မယ်နော် အလုပ်နောက်ကျမှစိုးလို့'

'အေးအေး'

ဆု မနေ့ကဖွင့်ပြောမိတာ မ စိတ်ဆိုးသွားပြီလားမသိဘူး။ အလုပ်ရောက်ရင် မ ရှိကိုသွားပြီချော့ရမယ်။ မ ဘက်ကပြန်မချစ်နိုင်ရင်တောင် ဆု ဘက်ကဆက်ကြိုးစားနေအုံးမှာပါ အနည်းဆုံးတော့ဆု မ ကိုအရမ်းချစ်တာကိုသိပါစေ.....

🚃🚶🚶

ဆု မ အတွက်ချောကလက်ကိတ်မုန့်လေးဝယ်လာတယ်။ အခုလောက်ဆို မ ကအလုပ်ကိုရောက်လောက်ပြီ အလုပ်တက်ဖို့က15မိနစ်လောက်လိုသေးတယ်ဆိုတော့ မ ရှိကိုအရင်သွားရမယ်။

'ဖူး နင်ဘာဖြစ်နေတာလဲရောက်ထဲကမျက်နှာကမအိမသာနဲ့'

'ဘာမှမဖြစ်ပါဘူးဟာ..'

ဖူး ညကလည်းတော်တော်နဲ့အိပ်မပျော်ဘူး. . ကောင်မလေးအဆင်ရောပြေပါမလား ဒါမှမဟုတ် အရမ်းပဲငိုနေမလား... 

ဖူး လည်းဘယ်လိုလုပ်ပေးရမလဲမစဥ်းစားတက်တော့ဘူးကောင်မလေးရေ...

'ဖူး ငါနင်ကိုမေးရအုံးမယ်'

'ဟမ် ဘာမေးမလိုလဲ'

'နင်ကိုဟိုကောင်အောင်ပြည့်ဖြိုးချစ်ခွင့်ပန်ထားတယ်ဆို'

အော် အဲ့အကြောင်းကိုဖူးမှာမေ့တောင်နေပြီ

'အင်း ဟုတ်တယ်'

'အဖူးမ အဲ့တာလျိုထားတယ်နော် ငါတို့မှာဇွဲညီပြောမှသိတယ်'

Y E L L O WWhere stories live. Discover now