Ep 7

7 1 0
                                    

ဖူး မျက်နှာသစ်ပြီးအခန်းထဲရောက်တော့ ဟိုကောင်မလေးဖုန်းခေါ်ထားတာတွေ့လို့ပြန်ခေါ်လိုက်တယ်

'ဟယ်လို ဆု ဖုန်းခေါ်ထားတာလား'

'ဟုတ် မ ကဘာလုပ်နေတာလဲဖုန်းခေါ်တာလဲမကိုင်ဘူး'

'ဘာမှမလုပ်ပါဘူး မျက်နှာသွားသစ်နေတာ'

'အော် မ ကိုပြောစရာရှိလို့'

'ဟုတ်လား ဘာပြောမလို့လဲ'

'ဟို ဆု တို့နောက်နှစ်ပတ်ထဲလစာထုတ်မှာမလား'

'အွန်းလေ'

'အဲ့တာ အဲ့ဒီအပတ်အပြင်ထွက်လည်မလားလို့'

'ဆု ကအပြင်သွားချင်လို့လား'

ဒီကောင်မလေးကအပြင်သွားဖို့အဖော်လာစပ်နေတာပဲ

'ဟုတ် မ နဲ့ရင်းနှီးပြီးထဲက ဆု တို့အတူတူအပြင်လျှောက်မလည်ဘူးလို့လေ'

'မ လိုက်မယ်မလား'

ဆု မ နဲ့နှစ်ယောက်ထဲအတူတူလျှောက်သွားချင်နေတာကြာပြီ။ မ ကိုမမေးရဲသေးလို့ ပြီသိပ်လည်းမရင်းနှီးသေးတော့ မ အဆင်မပြေမှာလည်းစိုးတယ်

ကောင်မလေးပြောတာလဲဟုတ်တာပဲ။ နှစ်ယောက်သားအလုပ်မအားတဲ့အပြင် အဲ့အကြောင်းကိုလည်းမစဥ်းစားမိဘူး။

'ဆု ကဘယ်သွားချင်လို့လဲ'

'မစဥ်းစားရသေးဘူး မ ရောဘယ်ကိုသွားချင်လဲ'

'မ ကအထွေးအထူးမရှိပါဘူး ဆု သွားချင်တဲ့နေရာကိုသာပြောလေ'

'အင်း... ဒါဆို ဆု တို့ပြည်သူရင်ပြင်ပဲသွားကြမလား ကစားကြမယ်လေ😁'

'ဆု ကသွားချင်လို့လား'

တကယ်ကလေးလေးအတိုင်းပဲ ဒီကောင်မလေးကတော့လေ ဟင်းး

'အွန်း မရောက်တာလည်းအတော်ကြာနေပြီ နီးနီးနားနားအဲ့ဒါပဲသွားကြမယ်လေနော်'

'အွန်းပါ'

ရေးးး နောက်ဆုံးတော့ မ နဲ့အတူတူလျှောက်လည်ရတော့မယ် ပျော်တာ...

'ဟုတ် ဒါဆိုအဲ့ဒီနေ့ မ အိမ်မှာစောင့်နေ ဆု လာခေါ်မယ် ၉နာရီလောက် နော်'

Y E L L O WWhere stories live. Discover now