Ep 3

16 1 0
                                    

ဒီနေ့တော့ဆုအလုပ်ကိုမရောက်ခင်ferryကားပေါ်မှာထဲကအစ်မကြီးကိုဘယ်အချိန်သွားရင်တွေ့မလဲဆိုတာကြိုပြီပလန်ဆွဲနေပြီဖြစ်ပါတယ် ဟဲဟဲ

အလုပ်ထဲရောက်တော့

'ငါမေသီတာရှိကအထည်သွားယူလိုက်အုံးမယ်'

'ငါအတွက်လက်ကြီး၃၀လောက်ယူခဲ့ပေးအုံး'(A - လက်ကြီးဆိုတာဝယ်လွန်ထည့်ရတဲ့အထည်အစိတ်အပိုင်းတွေကိုပြောတာပါ)

'အွန်း'

'မေသီတာရေသမီးကိုရှေ့ခြမ်း၃၀လောက်ပေးအုံး'

'အနောက်ခုံပေါ်မှာရှိတယ်သမီးယူသွား'

'ဟုတ်'

အထည်တွေယူပြီသက်မွန်စံမှာလိုက်တဲ့ဟာလည်းယူလာလိုက်တယ်။ နေရာကိုပြန်လာရင်းနာရီကိုကြည့်လိုက်တော့ 

"ဟိုက် ၁၀နါရီထိုးတော့မယ် ခဏနေလောက်ဆိုအစ်မကြီးထွက်လာတော့မှာ မြန်မြန်ထည့်ပြီသွားမှ.."

'ဟိုကမဖြေးဖြေးထဲပါဘယ်လိုဖြစ်နေတာလဲနောက်ကကျားလိုက်လို့လား'

'ဘာမှဖြစ်ပါဘူး ငါဝယ်လွန်ကုန်လို့သွားယူလိုက်အုံးမယ်နော်ဟီး'

'ဟွန့် ငါသိနေတယ်​နော်'

'သိရင်သိတယ်မှတ်လိုက်သူငယ်ချင်းလေး သွားပြီ'

ဟိုကမနဲ့စကားဖြတ်ပီအမြန်ထွက်လာလိုက်တော့တယ် အခုဝယ်လွန်ကိုလိုင်းနောက်ကဖြတ်ပြီသွားယူမယ်။ အရင်ကဆုironသွားတိုက်တာကလိုင်းထိပ်မှာ။ လိုင်းနောက်ကသွားရင်အစ်မကြီးတို့finishingကိုတန်းရောက်တယ် ဒါမယ့်တန်းတော့သွားလို့မရဘူးအဲ့နားမရောက်ခင်ကွေ့သွားရမှာအဲ့တာမှဝယ်လွန်ဘက်ကိုရောက်မှာမို့လို့..

ဆုလမ်းလျှောက်ရင်းလူကငြိမ်နေပေမယ့်မျက်လုံးကိုတော့အစ်မကြီးကိုလိုက်ရှာခိုင်းထားတယ် လူကဝယ်လွန်ခန်းကိုရောက်တော့မယ်ရှာလို့လည်းမတွေ့ဘူး တွေ့ချင်ပါတယ်ဆိုငါနော်...

ဝယ်လွန်ခန်းရောက်တော့လူခဏစောင့်ပြီးမှာကိုယ့်အလှည့်ရောက်တယ် ဝယ်လွန်ကိုအပျိုကြီးတို့နဲ့ဝိုင်းထည့်ရင်းတစ်အိတ်ပြည့်တော့ပြန်အထွက် အစ်မကြီးကိုဖြတ်ခနဲ့တွေ့လိုက်တယ်။

Y E L L O WTempat cerita menjadi hidup. Temukan sekarang