Ep 10

13 1 0
                                    

ဆု ဒီနေ့ မ ကိုစကားတွေအများကြီးပြောစရာရှိတယ်။ မ ရဲ့မျက်နှာလေးကိုလည်းအရင်လိုမျိုးလေးငေးကြည့်ချင်သေးတယ်။ မ ကိုဘယ်လောက်ချစ်တဲ့အကြောင်းတွေလည်းပြောပြချင်တယ်။ တကယ်လို့ မ နဲ့မတွေ့ရတော့တဲ့အချိန်ကြရင်အနည်းဆုံး ဆု ကိုမမုန်းဖို့အတွက်....။ အခု ဆုစောင့်နေတာနာရီဝက်လောက်ရှိပြီ မ လာမယ်လို့မျှော်လင့်ပါတယ်...

ဖူး ကောင်မလေးချိန်းတဲ့နေရာကိုရောက်လာခဲ့ပြီ။ ကောင်မလေးနဲ့စကားမပြောရတာကြာတော့နှလုံးသားလေးကကောင်မလေးရဲ့အသံကိုလွမ်းနေပြီတဲ့။ တွေ့လိုက်လို့ကောင်မလေးကိုမျှော်လင့်ချက်ပေးသလိုဖြစ်သွားမလားလို့စိုးရိမ့်ပေမယ့် ဖူး လည်းကောင်မလေးကိုအရမ်းတွေ့ချင်နေပြီ..

'ဆု..'

'မ'

"မ ရောက်လာပြီ။ ကျေဇူးပါ မ ရယ်အခုလို့ဆုကိုလာတွေ့ပေးတဲ့အတွက်"

ဖူး တို့နှစ်ယောက်ခုံမှာထိုင်နေတာအတော်ကြာပြီ ဘယ်သူကမှစကားမပြောကြသေးဘူး။ ဖူး ကတော့အခုလိုကောင်မလေးနဲ့အတူတူရှိနေရတာအရမ်းပျော်တာပဲ။ ရင်တွေလည်းအရမ်းခုန်နေတာ ကောင်မလေးကြားသွားမလားတောင်စိုးရိမ့်ရတယ်။ အရင်လိုမတွေ့ရတဲ့အတောအတွင်းကောင်မလေးဘယ်လောက်တောင်ဝမ်းနည်းနေလည်းမသိဘူး အရင်လိုဖူးချစ်ရတဲ့ပါးဖောင်းဖောင်းလေးတွေမတွေ့ရတော့ဘူး မျက်နှာလေးကချောင်ကျနေပြီ။ နာကျင်ရတယ်.. ကောင်မလေးရဲ့အခုလိုမြင်ကွင်းမျိုးကိုမြင်ရတာရင်ထဲမှာအရမ်းနာကျင်ရတယ်..။တောင်းပန်ပါတယ် အခုလိုမျိုးနာကျင်စေမိတဲ့အတွက် အစ်မအများကြီးတောင်းပန်ပါတယ်ကွယ်....

'မ'

မ နဲ့စကားပြောဖို့အတွက် ဆု မှာမနည်းအားတင်းထားရတယ် လူက မ နဲ့ပတ်သက်ရင်ကိစ္စတိုင်းကိုဝမ်းနည်းနေတက်တော့တာပဲ..

'ဟင်'

ဖူးမှာအသံကိုမတုန်အောင်ပြန်ထူးလိုက်ရတယ်..။ ကောင်မလေးရှိကနေ 'မ' လို့ခေါ်သံလေးကိုအရမ်းလွမ်းနေခဲ့တာ...

'မ နဲ့အခုလိုစကားမပြောရတာတောင်ကြာပြီနော် အဆင်ပြေရဲ့လား'

Y E L L O WWhere stories live. Discover now