Ep 2

14 1 0
                                    

ဆု အတွက်ဒီရက်တွေကတော့အလုပ်လေးလုပ်လိုက်အစ်မကြီးကိုလိုက်ကြည့်လိုက်နဲ့အဆင်ကိုပြေနေတာပဲ။ တစ်ခါတစ်လေဆိုအစ်မကြီးကပြန်ပြန်ပြီကြည့်တက်တယ်သိလား ပြီးတော့ ဆု အစ်မကြီးရဲ့နာမည်ကိုသိရပြီ ဟိုရက်ကအစ်မကြီးအနားမှာအထည်လာကောက်ရင်းနဲ့သူ့ရဲ့နာမည်ကဒ်ကိုလိုက်ကြည့်လိုက်တာဟိ။ နာမည်လေးက 'ဖူးဝင့်လွှာ' တဲ့လူလေးကလှသလိုနာမည်လေးကလည်းချစ်စရာလေး ဒါပေမယ့်ညီမကတော့အခုလောလောဆယ်အစ်မကြီးလို့ပဲခေါ်နေအုံးမှာ စိတ်ထဲမှာအစ်မကြီးဆိုတဲ့နာမ်စားလေးချစ်စရာကောင်းသလိုခံစားရတယ် အင်းး အခုချိန်မှာအစ်မကြီးကိုသဘောကျနေမိပေမယ့်နှလုံးသားလေးကရန်ခုန်ပြီး၊ချစ်နေမိပြီးလို့ခံစားမိတဲ့အချိန်ကြရင်တော့ 'မ' ဆိုတဲ့နာမ်စားလေးကိုပြောင်းခေါ်မယ်နော်...

ဆု ဒီနေ့တော့အိမ်မပြန်ရတော့ဘူးနဲ့တူတယ် မတုံကotဆင်းပေးပါအုံးတဲ့ ကိုယ့်နေရာတော့မဟုတ်ဘူးတစ်ခြားဟာအတွက်ခေါ်တာ 

ဆုရယ်စိုးကြီးရယ်သက်မွန်စံရယ်၃ယောက်နဲ့တစ်ခြားသူတွေရယ် အခုကhatperတွေခေါ်တာကြည်ပြာဦးကopဆိုတော့မပါဘူး

'မကြီးရေ အလုပ်ဆင်းရင်မုန့်အတူတူသွားဝယ်မယ်နော် စောင့်အုံး'

'အွန်း နင်ဘာစားမှာလဲ ငါတော့ဘာစားရမှန်းမသိဘူးလက်ဖက်ထမင်းနဲ့ပဲညားမယ်ထင်တယ်'

'သမီးလည်းအတူတူပဲ မုန့်ဖက်သုပ်ဝယ်ရင်ကောင်းမလားလို့'

အလုပ်ဆင်းတော့ဆုတို့အတူတူမုန့်သွားဝယ်ကြတယ် ဆုကအရင်ပြီလို့လူအုပ်ထဲကထွက်ပြီဂိတ်ပေါက်ဝမှာစိုးကြီးကိုစောင့်နေလိုက်သည်။လူသာတစ်ဖြေးဖြေးရှင်းသွားတယ်

"စိုးကြီးမအခုထိထွက်မလာသေးဘူး ရတဲ့နားချိန်နာရီဝက်ကမုန့်ဝယ်တာနဲ့ကုန်တော့မယ်"

စိုးကြီးမကိုစိတ်ထဲကပြောနေရင်းရှေ့ကိုသာကြည့်နေလိုက်သည်။အဲ့အချိန်မှာ အစ်မကြီးကဆုအရှေ့ကနေဖြတ်ပြီအထဲကိုပြေးဝင်သွားတာတွေ့လိုက်တယ်။ ဘေးနားမှာကောင်လေးတစ်ယောက်လည်းပါသေးတယ်နှစ်ယောက်သားရယ်နေကြတာ အရင်ကဆိုအစ်မကြီးကိုတွေ့ရင်ပြုံးပျော်နေကြလူကအခုပြုံးတောင်မပြုံးနိုင်တော့ဘူး ဘာဖြစ်သွားတာလဲ။

Y E L L O WWhere stories live. Discover now