Ep 8

11 1 0
                                    

'မ လက်မှတ်ရပြီ ဒီတစ်သုတ်ကပြီးတော့မှာဆုတို့ဟိုနားသွားစောင့်နေမယ် လာ'

ဖူး ကောင်မလေးပြောတာကိုဘာမှပြန်မပြောနိုင်ပဲသူပြောတဲ့နေရာကိုပါလာခဲ့သည်။

သိပ်မကြာဘူးအပေါ်ကအဖွဲတွေ့ဆင်းလာတာနဲ့ဖူးတို့တစ်သုတ်ကအထဲကိုဝင်ရတယ်။ ဖူးမှာလမ်းသာလျောက်နေရတယ် ခြေ ထောက်တွေကထုံနေသလိုပဲ။ ဟိုကောင်မလေးလက်ကိုလည်းမလွှတ်ရဲဘူး။

'မ လာ ဟိုနားမှာထိုင်မယ်'

'အွန်း'

'မ အဆင်ပြေရဲ့လား နဖူးမှာလည်းချွေးတွေအများကြီးပဲထွက်နေတယ်'

ဆု မ ရဲ့နဖူးကချွေးတွေကိုလက်လေးနဲ့သုတ်ပေးလိုက်တယ်။ ပြီးတော့ မ မျက်နှာလေးကိုကြည့်တော့ မ တကယ်ကြောက်နေသလိုပဲ ဆုက မ ကိုနောက်ချင်လို့သာစီးလိုက်တာ အခုမကအရမ်းကြောက်နေသလိုပဲ။ ဆု တော်တော်ဝမ်းနည်းသွားတယ်..

'မ မကြောက်နဲ့နော် ဆု ရှိတယ် ပြီးတော့အောက်ကိုလည်းငုံမကြည့်နဲ့အပေါ်ကိုပဲကြည့် ဒါမှမဟုတ် မျက်လုံးမှိတ်ချင်ရင်မှိတ်ထားလိုက်သိလား အရမ်းကြောက်လာရင်အော်သာအော်ပစ်လိုက် နော်'

ဆု မ ကိုတကယ်စိုးရိမ့်သွားတာ ဆုငိုတောင်ငိုချင်လာပြီ

'အွန်းပါ အဲ့လောက်စိတ်မပူပါနဲ့ အစ်မလက်ကိုသာမလွှတ်လိုက်နဲ့သိလား'

'ဟုတ် မလွှတ်ဘူးစိတ်ချ သေချာကိုင်ထားပေးမယ်'

ဆု မ လက်ကိုတင်းနေအောင်ကိုင်ထားလိုက်သည်။ မ ကလည်းဆုရဲ့လက်ကိုပြန်ပြီကိုင်ထားတာ ဆု ရဲ့ရင်ထဲလိပ်ပြာတွေအများကြီးရောက်လာပြန်ပြီ..။ ခဏနေတော့ဟိုဟာကြီးကဖြေးဖြေးချင်းစလှုပ်လာပြီ မ ကိုကြည့်လိုက်တော့ မျက်လုံးကိုမှိတ်ထားတယ်။

'မ မကြောက်နဲ့နော် ဘာမှမဖြစ်ဘူး'

မ ကစကားတောင်မပြောတော့ဘူး ခေါင်းပဲငြိမ့်ပြတယ်။ ဆု မကိုကြည့်နေရင်းပဲဟိုဟာကြီးလှုပ်တာမြန်လာတာနဲ့ မ ကလည်းစပြီအော်တော့တာပဲ ဆု ရဲ့လက်ကိုလည်းကိုင်ထားတာတင်းနေတာပဲ ခဏနေတော့ဆု လည်းမရတော့ဘူး

Y E L L O WWhere stories live. Discover now