Ep 5

9 1 0
                                    

သကြ်န်ပိတ်ရက်ဆိုတော့လူကနေမြင့်တဲ့အိပ်ပစ်လိုက်တာ အမေလာနိုးမှနိုးတယ်။ ဟိုကမတွေကတော့ဘယ်ကိုလျှောက်လည်နေကြလည်းမသိဘူး ဖုန်းလေးတောင်မဆက်ကြဘူး တော်တော်ကောင်းတဲ့သူငယ်ချင်းစုတ်တွေ။ သူတို့ဖုန်းမဆက်လည်းဘာဖြစ်လဲ ဟွန့် ဒီနေ့ဆုလုပ်ဖို့စဥ်းစားထားတဲ့ဟာတစ်ခုရှိတယ် အဲ့ဒါက မ ရဲ့facebook accကိုလိုက်ရှာဖို့ပဲ။ အရင်တုန်းကရိုက်ရှာသေးတယ် လုံးဝမတွေ့ဘူးဘာဖြစ်လို့လဲမသိဘူး။ အခုတော့ မ တို့ဘက်ခြမ်းကလူတွေနာမည်ကိုရိုက်ရှာပြီး အဲ့အထဲကမှပြန်ပြီး မ ရဲ့accကိုရှာရတော့မှာပဲ။ အရင်ဆုံး မ ရဲ့သူငယ်ချင်းတွေကစရမယ်အဲ့တာကအမြန်ဆုံးတွေ့လောက်တယ်။ ဆု ယုယဆိုတဲ့နာမည်ကိုရိုက်ရှာလိုက်တယ်။

"ဟင် friends list ပိတ်ထားတယ်"

နောက်တစ်ယောက်အစ်မမိုးမိုးလွင်ရဲ့နာမည်ကိုရိုက်ရှာကြည့်လိုက်သည်

"ဟာ သူလည်းfriend listကိုပိတ်ထားပြန်ပြီ"

ဒီတစ်ခါတော့ဆုနှုတ်ခမ်းစူသွားမိပြီ ဟုတ်တယ်လေဘာလို့friend listကိုပိတ်ထားကြမှန်းမသိဘူး။ မရဘူးတစ်ခြားနည်းလမ်းစဥ်းစားအုံးမယ်။ အစ်မမိုးမိုးလွင်ရဲ့ post တွေကို reat ပေးထားတဲ့လူတွေထဲကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်တယ်။ သူကနည်းနည်းတော့ reat များတယ် ရပါတယ် မ ရဲ့accလေးကိုတွေ့ရင်ရပြီ။ ဆု post reat တွေကိုကြည့်နေရင်း ၅ခုမြောက်ရောက်တော့

"တွေ့ပြီ တွေ့ပြီ!!"

"ရေးး နောက်ဆုံးတော့ မ ရဲ့အကောင့်လေးကိုရှာတွေ့ပြီ!"

တော်သေးတယ် ဆုအခန်းထဲရောက်နေလို့ အပြင်ကလူတွေမြင်ရင်ဆုကိုရီနေလောက်တယ် ဟီး။ မ ရဲ့အကောင့်လေးထဲဝင်လိုက်တော့ profile ကပုံလေးကအကျီအနီလေးနဲ့အနောက်ကတန်းကိုမှီထားတဲ့ပုံလေး မ ကအရမ်းလှတာပဲ..။ ဆု မရဲ့postတွေကိုအောက်ကိုဆွဲကြည့်တော့ မ ကပုံလေးတွေအမြဲတင်တက်တာပဲ။ မ ရဲ့ဝါသနာလေးတစ်ခုကိုလည်းသိခွင့်ရခဲ့တယ် အဲ့တာက မ ကသီချင်းဆိုရတာကိုကြိုက်ပုံပဲ cover song လေးတင်ထားတာလည်းတွေ့တယ်။ ဆု အတွက်ကတော့ မ ရဲ့အသံချိုချိုလေးကိုနားထောင်ရတာပေါ့။ နောက်တစ်ခုထပ်သိလိုက်ရတာကတော့ မ ကမကွေးဘူးဆိုတာပဲ😑 ပြီးတော့feelတဲ့postတွေလည်းအများကြီးshareထားသေးတယ်။ အဲ့တာနဲ့တွဲပြီစိတ်ထဲဝင်လာတာက...

Y E L L O WDove le storie prendono vita. Scoprilo ora