Ep 4

11 1 0
                                    

သကြ်န်ရောက်ဖို့တောင်၁၀ရက်ပဲလိုတော့တယ်။ သကြ်န်ပိတ်ရက်က၉ရက်တဲ့အပြည့်အဝနားလို့ရပြီ yes!။ တစ်ခြားသူတွေအတွက်သကြ်န်ကတော်တော်ပျော်ဖို့ကောင်းမယ့်ပုံပဲနော် ဆုအတွက်တော့သကြ်န်ပိတ်ရက်ကပုံမှန်ရက်တွေလိုပဲ။ အမေကငယ်ငယ်လေးထဲကသကြ်န်ရက်ဆိုအပြင်ပေးမထွက်ဘူးအရမ်းစိတ်ပူတက်လို့ အိမ်နားမှာပဲဆော့ခိုင်းတာ ငယ်တုန်းကတော့ဆော့ရတာပျော်တာပေါ့ အခုကြီးလာတော့အပြင်ကိုလျှောက်သွားကြည့်ချင်တာ။ ဒါမယ့်အမေကမလွှတ်ပါဘူး ဆုမှာချွင်းချက်တစ်ခုတော့ရှိတယ် ဆုအသက်၂၅နှစ်ပြည့်ရင်ကိုယ့်လုပ်ချင်တာလုပ်ဖို့စိတ်ကူးထားတယ် အမေကိုနားလည်အောင်ပြောမယ်။ အခုတော့သမီးအလိမ္မာလေးပဲလုပ်လိုက်အုံးမယ်။

အခုရက်ပိုင်းစက်ရုံထဲမှာအကတွေလည်းလေ့ကျင်နေကြတယ်။ ကတဲ့သူတွေကိုကြည့်ပြီကိုယ့်ကတော့သူတို့အတွက်ပင်ပန်းတယ် အကလေ့ကျင့်မယ့်အချိန်အတွက်ပါအထည်ပိုချုပ်ပေးနေရတာ။ တစ်ခါတစ်လေဆိုအဆူလည်းခံရသေးတယ်။ 

⏭ ⏭ ⏭

ဒီနေ့က၈ရက်နေ့၊စနေနေ့ နောက်ဆုံးတော့အကုန်လုံးမျှော်နေတဲ့နေ့ကိုရောက်လာပြီဖြစ်ပါတယ်။ ဆု တို့ကတော့မနက်ထဲကတက်ကြွတဲ့ကြက်ဖလေးတွေဖြစ်နေတာပေါ့ ဟဲဟဲ ကတဲ့အထဲမပါပေမယ့် ကတဲ့လူတွေကိုစိတ်ရောကိုယ်ရောနှစ်ပြီးအားပေးဖို့အဆင်သင့်ပါပဲလို့။ မနက်ထဲကအလုပ်ကိုအမြန်လုပ်ထားလိုက်တယ် ၁၂ထိုးတော့စက်ရုံကကြွေးတဲ့ကြက်ဆီထမင်းလေးစားပြီး ကဖို့လုပ်ထားတဲ့stageစင်အရှေ့မရောက်တစ်ရောက်နားမှာလေးယောက်သားသွားထိုင်ပြီး လေဖုတ်နေလိုက်သည်။ ဖုန်းနှိပ်လိုက်စကားလေးပြောလိုက်နဲ့ စိုးကြီးမကအထဲပြန်ဝင်သွားတာအခုထက်ထိထွက်မလာသေးဘူး။ ဘယ်နေရာမှာလေပေါနေပြန်ပြီးလည်းမသိဘူး။

'ဖူးရေ အဝတ်အစားတွေလဲထားကြမယ်လေ'

'အေး ခဏလေးငါtoiletသွားလိုက်အုံးမယ်'

'ok ငါယုယကိုသွားခေါ်လိုက်အုံးမယ် သူQC တွေအဖွဲ့ရှိကိုသွားလို့'

'အေးအေး'

အစက မကဘူးလုပ်ထားပေမယ့်မိုးကအတင်းကပါလုပ်နေတာနဲ့လက်ခံလိုက်တာ။ မကတာကတစ်ခြားတော့မဟုတ်ပါဘူး အလုပ်တစ်ဖက်နဲ့ဆိုတော့ပင်ပန်းလို့ ပြီးတော့ဖူးက အဆိုဘက်ကိုပဲဝါသနာပါတာ ကတာကြတော့သိပ်မကဖြစ်တာကြောင့်မို့ပါ။ ဘာပဲဖြစ်ဖြစ်ပါအခုလည်းသေချာလေ့ကျင့်ထားတော့အကောင်းဆုံးလုပ်နိုင်မှာပါ။ 

Y E L L O WWhere stories live. Discover now