၅၄။ ဒါပေမဲ့ ကျွန်တော် ငွေမရှင်းခဲ့မိလိုက်ဘူး။
သီးသန့်ခန်းအတွင်း၌ ပြတင်းခန်းဆီများ ထူထဲစွာ ဆွဲစေ့ထားကာ၊ နေ့အလင်း တိုးမပေါက်ပေ။
ရှဲ့ချင်းချန် နိုးထလာသည့် အချိန်တွင်မူ အချိန်မည်မျှ ကုန်လွန်သွားလေပြီ မသိ။
သူဟာ တစ်ကိုယ်လုံး ကိုက်ခဲနေသလိုသာ ခံစားရတော့ကာ၊ အသိစိတ်ကား ဝေဝါးနေရပါ၏။ အတန်ကြာခါမှသာ ယမန်နေ့ညမှ အနှီ ကြောက်မက်ဖွယ် မှတ်ဉာဏ်များဟာ ယာဉ်တိုက်မှုသဖွယ် သူ၏ ဦးနှောက်ထဲသို့ ပြင်းထန်စွာ ဝင်ဆောင့်လာရ၏။
သူဟာ မနေ့ညက......
ရှဲ့ချင်းချန်၏ မျက်ဝန်းအစုံမှာ ရဲတောက်နေရပြီး၊ သူဟာ တဒင်္ဂမျှ သူ့ကိုယ်၌ကို သူ ပင်ပန်းလွန်းသဖြင့် အိပ်မက်ဆိုး တစ်ခု မြင်မက်နေမိခဲ့ခြင်းဟုပင် အခိုင်အမာ ယုံကြည်မိလိုက်သေးပါ၏။
သူဟာ မျက်လုံးများကို တစ်ခဏမျှ မှိတ်၍ နောက်တစ်ဖန် ပြန်ဖွင့်လိုက်ရာတွင် သူ့ကိုယ်သူကို ဆေးတက္ကသိုလ်၏ အဆောင်ခန်းထဲတွင် ဖြစ်စေ၊ သို့မှမဟုတ် မော့ယွီလမ်းထဲမှ အိမ်ဟောင်းလေး အတွင်း၌ ဖြစ်စေ လဲလျောင်းနေမိသေးဆဲ ဖြစ်ဖို့ရာ နှလုံးသားထဲမှသည် ခပ်ယဲ့ယဲ့ မျှော်လင့်လိုက်မိသည့်အထိ။သို့တိုင် မဖြစ်ခဲ့ပါချေ။
အံ့ဖွယ်ဖြစ်ရပ်ကား ပေါ်ပေါက်လာခြင်း မရှိခဲ့။
သူဟာ ကာမအငွေ့အသက်များ ထောင်းထနေရသည့် ကလပ်နားနေခန်းထဲမှ အိပ်ရာခင်း၏ တစ်ဝက်လောက်ပင် ကြမ်းပြင်ထက်သို့ ပြုတ်ကျနေရသည့် ခုတင်ကြီးထက်တွင် လဲလျောင်းနေရသေးဆဲ ဖြစ်ကာ၊ ခန္ဓာကိုယ်ထက်၌ ချည်မျှင်တစ်စပင် ကပ်မနေသေးခဲ့ချေဘဲ အလွန်တရာ ဖရိုဖရဲနိုင်နေခဲ့ရလှစွာ။ဟော့ယွီကား ထွက်ခွာသွားခဲ့ရလေပြီ။
ရှဲ့ချင်းချန်သည် သွေးချင်းချင်းနီနေသော မျက်လုံးတို့ကို ဖွင့်၍ ခန္ဓာကိုယ်အား ထူမတ်ဖို့ရာ မာန်တင်း ကြိုးပမ်းမိလိုက်ပါ၏။ ရလဒ်အနေဖြင့် သူ၏ ဦးရေပြားများပင် ထုံကျဉ်သွားရမတတ် ဝေဒနာ ခပ်စူးစူးဟာ ခန္ဓာကိုယ်အောက်ပိုင်းဆီမှသည် ဖြတ်သန်းရောက်ရှိလာရလျက် သူ့ကို ခုတင်ထက်သို့ ပြင်းထန်စွာ ပြန်ပြုတ်ကျစေခဲ့ပေသည်။
CZYTASZ
ဆေးမှတ်တမ်းချုပ် ( ၂ )
Romansဆေးမှတ်တမ်းချုပ် စာရေးသူ : အသားပေါက်စီ အသား မစားဘူး။ အပိုင်း : ၂၅၄ ပိုင်း + အချပ်ပို ၁၈ ပိုင်း။ 【 1 to 53 】- https://tinyurl.com/binganben1to53 အပိုင်း ( ၅၄ ) မှစ၍။