【 ၆၂ 】- မွှေးလိုက်လေ/ အရသာရှိလိုက်လေ။

279 34 5
                                    

၆၂။ မွှေးလိုက်လေ/ အရသာရှိလိုက်လေ။

မောင်နှမ နှစ်ဦးသားဟာ တစ်ယောက်ကို တစ်ယောက် ဖေးမလျက်ဖြင့် ဟော့ယွီ ရှေ့မှောက်မှသည် ထွက်ခွာသွားကြပါလေတော့၏။

သူဟာ အစ်ကိုဖြစ်သူနှင့် ကတောက်ကဆ ဖြစ်ခဲ့ရသကဲ့သို့ ညီမဖြစ်သူနှင့်လည်း မသင့်မမြတ် အဆုံးသတ်ခဲ့ရပေ၏။

ဟော့ယွီဟာ အချိန်အတန်ကြာ သုန်မှုန်နေခဲ့ပေလေ၏။

သူ ဝန်မခံချင်ပေသော်ငြား သူ့တွင် အခြားသူများနှင့် ဖက်လှဲတကင်း ဆက်ဆံရေး ဟူ၍ မရှိခဲ့ဘဲ၊ ယုတ်စွအဆုံး သူ၏ မိဘဖြစ်သူ၊ ညီငယ်ဖြစ်သူတို့နှင့် ဆက်ဆံရေးသည်ပင် ပေါ့ပြက်ပြက်နိုင်လှသည်မှာ ရေချည်းသက်သက်သို့နှယ်။

ရှဲ့ရွှယ်နှင့် ရှဲ့ချင်းချန်တို့သာလျှင် သူနှင့် အနက်ရှိုင်းဆုံး အဆက်အဆံ ရှိခဲ့ဖူးပါ၏။

ဥရောပတွင် ရှိခဲ့စဉ်ကပင် သူဟာ ယခုတမျှ ဘေးထွက်မနေခဲ့ရဖူးလေသယောင်။

အကြောင်းမှာ ထိုစဉ်က ရှဲ့ရွှယ်ဟာ ရှဲ့ချင်းချန် အပေါ် ဒေါသထွက်လာချိန်တိုင်း သူ့ကို ဖုန်းခေါ်၍ ရှဲ့ချင်းချန်၏ အကြွင်းမဲ့ အာဏာရှင်ဆန်ပုံကို ခပ်ပါးပါး လှော်တတ်လေ့ ရှိ၍ပင်။ နှစ်ဦးသားဟာ အချိန်တစ်ခုမျှ တက်ညီလက်ညီ စနောက်ပြောဆို ဖြစ်တတ်ခဲ့ကြပြီး၊ ဟော့ယွီ၏ ရင်ထဲမှ အစိုင်အခဲတို့ဟာလည်း ယင်းသို့သော စကားဝိုင်းများ အကြားတွင်ပင် ဖြည်းညှင်းစွာ ဖွင့်ထုတ်လိုက်နိုင်ကြရသယောင်။

စင်စစ် စိတ်အလိုမကျ ဖြစ်လာချိန်များ၌ သူဟာ ရှဲ့အိမ်မှ မောင်နှမ နှစ်ဦးသားသာ မြင်နိုင်သည့် Moments ထက်တွင် ခေါင်းပဲ ကိုက်ချင်သယောင်ယောင်၊ အဖျားပဲ ရှိချင်သယောင်ယောင် ဟန်ဆောင်၍ ပို့စ်တစ်ခုခု တင်ဖြစ်တတ်ခဲ့ပါ၏။

သူ့ဘက်မှ ဤသို့သော ပို့စ်မျိုး တင်လိုက်သည်နှင့် ရှဲ့ချင်းချန်ဟာ ဆရာဝန်ဗီဇတို့ အတပ် ထကြွလာရစွာဖြင့် သူ့ကို "ဆေးသောက်" ဟူ၍ စာပြန်လာလိမ့်မည် ဖြစ်ကြောင်း သူ သိထားရပေစွာ။ ထို့နောက်တွင်တော့ သူဟာ တုနှိုင်းမမီလုအောင် မာန်တက်စွာဖြင့် "ဘာမှမဖြစ်ပါဘူး" ဟု ယုတ္တိရှိရှိ စာပြန်နိုင်လေပြီ ဖြစ်ပါ၏။ ထိုတွင် သူ၏ စိတ်ဟာ ပို၍ ရွှင်မြူးလာရလျက်၊ စိတ်ရောဂါသည်လည်း အချိန်တိုလေး အတွင်း၌ မကုသဘဲ ပျောက်ကင်းသွားရလေသယောင်။

ဆေးမှတ်တမ်းချုပ် ( ၂ )Where stories live. Discover now