၆၀။ တပ်မက်စိတ် ဖြစ်ခြင်း။
နောက်တစ်ရက်၌ ရှဲ့ချင်းချန်ဟာ ဆေးရုံမှ ဆင်း၍ အဆောင်သို့ ပြန်ရောက်လာခဲ့ရပေတော့၏။
ချန်မန့်ဟာ သူ့နှင့် လိုက်ပေးနေခဲ့ပါသော်ငြား တစ်လျှောက်လုံး၌ စကားသိပ်မဆိုခဲ့လေသည်မှာ အတန်ငယ် အာရုံလွင့်နေရလေဟန်။
လမ်းခွဲကြရချိန်၌ ချန်မန့်ဟာ ရှဲ့ချင်းချန်၏ အဆောင်လှေကားအောက်တွင် ရပ်လျက် တွန့်ဆုတ်စွာ အသံထုတ်ခေါ်လာခဲ့ပါလေ၏:“ ရှဲ့-ကော ”
ရှဲ့ချင်းချန်:“ ...... ”
သို့တိုင် ရှဲ့ချင်းချန်၏ စူးရှသော မျက်လုံးများနှင့် ဆုံလိုက်ရခါ၌ ချန်မန့်ဟာ မပွင့်တပွင့်သာ ဆိုလိုက်မိရပါတော့၏:“ ကော......ကော ကိုယ့်ဘာသာကိုယ် ကောင်းကောင်း အနားယူလိုက်ပါဦး။ ကိစ္စ တစ်ခုခု ရှိရင် ကျွန်တော့် အချိန်မရွေး ရှာလိုက်လို့ ရတယ်ရယ် ”
ချန်မန့်၏ စိတ်အခြေအနေဟာ အလွန်တရာ ထူးဆန်းနေသည်ဟု ရှဲ့ချင်းချန် ခံစားရပါသော်ငြား သူဟာ——မဟုတ်မှ ချန်မန့်က သူ့အပေါ်မှာ တိတ်တခိုး သဘောကျနေရတာများလား ဟူသော ထိတ်လန့်တုန်လှုပ်စဖွယ် ရှုထောင့်ဘက်သို့တော့ ယိမ်းမတွေးမိလိုက်။ ချန်မန့်ဟာ သူ တစ်ညတာအိပ်ဖော် ထားခဲ့သည့် ကိစ္စရပ်အပေါ် လက်မခံနိုင်တာ ဖြစ်လောက်မည်ဟုသာ သူက တွေးထင်ခဲ့ပါလေ၏။ အနှီ ဆင်ခြေဟာ စင်စစ် လက်ခံနိုင်ဖွယ်ရာ မရှိသော်ငြား ၎င်းဖြင့် ချန်မန့်ကို ကိုင်တွယ်ဖြေရှင်းဖို့ရန်မှလွဲ ပို၍ ယုတ္တိကျသည့် ဖြေရှင်းချက်ဟူ၍ ရှဲ့ချင်းချန် စင်စစ် တွေးမရခဲ့ပါပေ။
သူဟာ ဂုဏ်သိက္ခာရှိသည့် အရွယ်ရောက်ပြီးသား ယောက်ျားသား တစ်ယောက် ဖြစ်သည့်အလျောက် သူ့ထက် ဆယ့်သုံးနှစ် ငယ်သော ကောင်ကလေးတစ်ယောက်နှင့် အိပ်ခဲ့ရကြောင်း အဘယ်သောအခါတွင်မှ ဝန်ခံနိုင်လိမ့်မည် မဟုတ်ပါပေ။
ရှဲ့ချင်းချန်အဖို့ ဤကိစ္စဟာ ဆေးခါးကြီး မျိုချမိခဲ့သည့် ဆွံ့အနေသော လူသို့သဖွယ် ခါးသီးဖွယ် ဆင်းရဲကို ထုတ်မပြောနိုင်လိမ့်မည်သာ။ရှဲ့ချင်းချန်က တဒင်္ဂမျှ တိတ်ဆိတ်နေမိခဲ့ပြီးနောက် ပြောလိုက်ပါလေ၏:“ သွားတော့လေ၊ ကျေးဇူးပါပဲ ”
YOU ARE READING
ဆေးမှတ်တမ်းချုပ် ( ၂ )
Romanceဆေးမှတ်တမ်းချုပ် စာရေးသူ : အသားပေါက်စီ အသား မစားဘူး။ အပိုင်း : ၂၅၄ ပိုင်း + အချပ်ပို ၁၈ ပိုင်း။ 【 1 to 53 】- https://tinyurl.com/binganben1to53 အပိုင်း ( ၅၄ ) မှစ၍။