【 ၅၇ 】- တက်တူးလေး တစ်ခုမျှပေသာ။

96 18 1
                                    

၅၇။ တက်တူးလေး တစ်ခုမျှပေသာ။

“ ဘာကြည့်တာလဲ ” ရှဲ့ချင်းချန်ဟာ လက်ဆေးပြီးသွားနောက် တစ်ရှူးတချို့ ဆွဲထုတ်၍ ၎င်းတို့ကို ပြောင်စင်အောင် သုတ်လိုက်ရင်း ဟော့ယွီကို ခပ်သာသာ လှမ်းကြည့်လာပါလေ၏။
  
ဆယ်ကျော်သက်အရွယ် ဟော့ယွီဟာ မေးမြန်းလိုက်မိပါပေတော့၏:“ ဒေါက်တာ-ရှဲ့၊ ခင်ဗျား လက်ကောက်ဝတ်ပေါ်က...... ”
  
ရှဲ့ချင်းချန်၏ အကြည့်များမှာ မှောင်မိုက်သွားရ‌ပေ၏။ ခေါင်းကို ငုံ့မိလိုက်ချိန်၌ မိမိဟာ အင်္ကျီလက်ကို အတော်မြင့်မြင့် ခေါက်တင်ထားခဲ့မိကာ၊ လက်ကောက်ဝတ်၏ အပေါ်တဲတဲရှိ နေရာလေးကို လှစ်ဟပြထားခဲ့မိလိုက်ကြောင်း သတိထားမိလိုက်ရပါတော့၏။ သို့ဖြင့် ရုတ်ချည်းပင် အင်္ကျီလက်ကို ချဖို့ရာ ပြင်လိုက်ပေလေသည်။
  
သို့တိုင် ဟော့ယွီ၏ နောက်ဆက်တွဲ စကားများဟာတော့ မေးထွက်သွားရလေပြီ:“ စာက ဘာတဲ့လဲ? ”
  
“ ...... ” ရှဲ့ချင်းချန်ဟာ စက္ကန့်ပိုင်းမျှ တန့်သွားရပြီး၊ မျက်နှာသေဖြင့် လက်ကြယ်သီးတို့ကို ဖြုတ်၍ အင်္ကျီလက်ခေါက်ကို ပြန်ချလိုက်ကာ၊ မထုံတက်သေး အမူအရာဖြင့်:“ ရေတွင် ကလောင်ရေးထင်ခဲ့လေသူ တစ်ဦး၊ ဤနေရာ၌ လျောင်းစက်နေ‌ချေ၏ ”
 
“ ဘာလို့ အဲ့ဒါကို ထိုးထားတာလဲ?ခင်ဗျားက သင်္ချိုင်းစာတွေကို သဘောကျတယ်? ”
  
ရှဲ့ချင်းချန်က အကြင်သူ့အား မျက်လုံးလှန်ပြလိုက်ကာ၊ လက်ကောက်ဝတ်ကို မြှောက်၍ လက်ကြယ်သီးတို့ကို တစ်ဖန် ကျကျနန ပြန်တပ်လိုက်ရင်း:“ ငါက Keatsကို သဘောကျတာ ”
  
ဟော့ယွီဟာ ထိုစဉ်က ရှဲ့ချင်းချန်ကို များများစားစား ပြန်ခံမပြောဖြစ်ခဲ့သေးပါပေ။ စိတ်ထဲမှသည်တော့ “ ခင်ဗျား Keatsကို သဘောကျရင်တောင် သူ့ရဲ့ သင်္ချိုင်းစာကို လက်ပေါ်မှာ ထိုးဖို့ မလိုပါဘူး ” ဟု တွေးမိလိုက်သည့်တိုင် ထင်ထင်သာသာပင် သူနှင့် အရည်မရအဖတ်မရများ များများစားစား ပြောဖို့ရာ စိတ်မရှိနေသည့် ရှဲ့ချင်းချန်၏ မျက်နှာထက်မှ မရွှင်မပြ မျက်နှာထားကို မြင်ရာ၌ သူဟာ ဆက်ပြီး မမေးမြန်းဖြစ်မိတော့ပါချေ။
  
ခန္ဓာကိုယ်ထက်၌ ကမ္ပည်းစာ တင်ထားသည့် သူ(မ)အစ်ကို၏ သို့နှယ် ထူးဆန်းသော အကြိုက်မျိုးကို ရှဲ့ရွှယ်ဟာ သဘောကျနေနိုင်ကောင်းလောက်ပေ၏။
  
လူငယ်လေးဟာ သို့နှယ် တွေး၍ ထိုနေ့ ညနေခင်းတွင်ပင် ကျောင်းအနီးအနားရှိ တက်တူးဆိုင် တစ်ဆိုင်ဆီသို့ သွားရောက်ခဲ့ပါလေ၏။
  
ဆိုင်ရှင်ဟာ အပြုံးပန်း ဝေဆာစွာဖြင့် ခရီးဦးကြိုပြုလာခဲ့လေကာ၊ အညွှန်းပုံ စာအုပ်ထူထူကြီး တချို့ကို သူ ကြည့်ဖို့ရာ ကမ်းပေးလာခဲ့လေ၏။ သူဟာ စာရွက်အပြည့်သော ပျံလွှားနေသည့် နတ်ဘုရားပုံများ၊ ဒဏ္ဍာရီလာ မိစ္ဆာပုံများထဲ၌ တစ်ခဏတာမျှ ခေါင်းနှစ်ရှာဖွေနေမိခဲ့ရင်းမှသည် ဆိုင်ရှင်၏ ရွှန်းရွှန်းဝေနေသော အကြံပြုချက်များကို ကြားဖြတ်၍ ပြောလိုက်ပါလေ၏။

ဆေးမှတ်တမ်းချုပ် ( ၂ )Tahanan ng mga kuwento. Tumuklas ngayon