【 ၅၈ 】- အကြင်သူဟာ နတ်ဘုရားလည်း မဟုတ်။

127 22 2
                                    

၅၈။ အကြင်သူဟာ နတ်ဘုရားလည်း မဟုတ်။

ဟော့ယွီဟာ အတန်ငယ် ခပ်လှမ်းလှမ်းရှိ မျက်စောင်းထိုးကျကျ လမ်းချိုးတစ်နေရာတွင် ရပ်နေခဲ့ပေ၏။
  
သို့ဖြင့် အဘယ်သူကမှ သူ့ကို သတိမထားမိခဲ့ကြချေ။

လက်ရှိ၌ သမိုင်းဝင်နေရာ မဟုတ်သကဲ့သို့ ခေတ်စားနေသော သဘာဝပသာဒ ရှုခင်းနေရာလည်း မဟုတ်ရပါသည့် ဤလမ်းသွယ်လေးထဲတွင် ရေတစ်ပေါက်ပင် မစီးနိုင်လောက်အောင် လူများ ပြည့်ကျပ်နေရကာ၊ လက်ကိုင်ဖုန်းများကို မြှောက်ထားကြသော လူအများစုဟာလည်း တီးတိုးတီးတိုးပြုနေကြရပေလျက်။

ရှဲ့ချင်းချန်ဟာလည်း မရှေးမနှောင်းတွင်ပင် မော့ယွီလမ်းဆီသို့ ပြန်ရောက်လာခဲ့ရပေတော့၏။
  
လက်ရှိ၌ ရှဲ့ချင်းချန်သည် တက္ကစီငှား၍ ပြန်လာနေခဲ့ခြင်းပင်။

——

သူဟာ ယမန့်နေညက ဟော့ယွီနှင့် အချိန်အတန်ကြာတိုင် ရူးသွမ်းနေမိခဲ့ရာ နိုးထလာချိန်တွင် အချိန်ဟာ မစောတော့လေပြီ။ ထပ်လောင်းအနေဖြင့် ငွေပေးချေမှုနှင့် အချေအတင် ဖြစ်ရခြင်းပါ ပွဲဆက်သွားလေသော် မော့ယွီလမ်းသို့ ပြန်ရောက်လာချိန်တွင် ကောင်းကင်ကြီး၏ အရောင်အဆင်းပင် မှောင်မိုက်နေခဲ့ရပြီ ဖြစ်ပါ၏။ သာမန်အခြေအနေများ၌သော် ဤအချိန်ဟာ လူတိုင်းအတွက် အိမ်တွင် ညစားစားချိန်တန်နေလေပြီ။
 
သို့တိုင် မော့ယွီလမ်းထိပ်၌မူ ယင်းသို့ အလျဉ်း ဖြစ်မနေခဲ့ပါပေ။
  
ထိုနားတစ်ဝိုက်သို့ ရှဲ့ချင်းချန် ရောက်သွားချိန်တွင် မော့ယွီလမ်းထိပ်၌ ရဲသားများ များစွာ ရပ်နေကြကြောင်း တွေ့ရှိလိုက်ရပေတော့၏။ ရဲသားများဟာ လက်ကိုင်ဖုန်းများကို မြှောက်၍ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးနေကြသော လူတချို့ကို အပြင်ဘက်၌ တားဆီးထားကြပါလေ၏။
  
“ ကားက ဒီနားတင်ပဲ ရပ်လို့ရမယ် ” ဒရိုင်ဘာက ရှေ့မှောက်ရှိ တစ်လမ်းသွား လမ်းကို မြင်ရာ၌ သို့နှယ် ဆိုလာခဲ့ပေတော့၏။
 
“ အဲ့ဒါဆိုရင် ဒီနားမှာပဲ ရပ်လိုက်ပါ၊ ကျေးဇူးပါပဲ ”
  
ငွေရှင်းပြီးသွား၍ တက္ကစီအပြင်ဘက်သို့ ခြေတံရှည်တို့ကို လှမ်းချလိုက်မိသည်နှင့် ရှဲ့ချင်းချန်၏ မျက်စိရှေ့မှောက်တွင် ရုတ်ချည်းဆိုသလို မျက်စိကျိန်းစဖွယ် အဖြူရောင် အလင်းတန်းများ တဖျတ်ဖျတ် ပေါ်လာရပေတော့၏။ သူ့မှာ တဒင်္ဂတာမျှ ကိုယ်၌၏ ခန္ဓာကိုယ်ဟာ အလွန်တရာ မသက်မသာ ဖြစ်နေရ၍ မျက်စိတို့ မှုန်ဝါးနေရခြင်းဟုပင် ထင်မှတ်မိလိုက်ရသေး၏။ နောက်မှသာ ရဲတပ်ဖွဲ့ဝင်များထံမှ တားဆီးခံထားကြရသော အနှီလူအုပ်က သူ့ကို ဓာတ်ပုံ၊ ဗီဒီယိုများ အရူးအမူး လိုက်ရိုက်နေခဲ့ကြတာမှန်း သတိပြုမိလိုက်ရပါတော့၏။ အနှီအခြေအနေကား မသိပါလျှင် ကြယ်ပွင့်တစ်ဦးဦး ရောက်ရှိလာရသည်ဟုပင် ထင်မှတ်သွားရနိုင်ပေ၏။

ဆေးမှတ်တမ်းချုပ် ( ၂ )Where stories live. Discover now